လူတိုင်းကတော့ တစ်ခါတစ်လေကျရင် အရမ်းဆိုးဝါးတဲ့ အဆင်မပြေမှုတွေ၊ စိတ်ဆင်းရဲမှုတွေနဲ့ ကြုံရတဲ့အခါမှာ စိတ်ဓာတ်ကျတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုစိတ်ဓာတ်ကျနေတဲ့အချိန်မှာ မပြုလုပ်သင့်တာတွေ ရှိပါတယ်။ စိတ်ဓာတ်ကျနေချိန်မှာ ဒီအပြုအမူတွေကိုလုပ်မိရင် စိတ်အခြေအနေက ပိုဆိုးသွားနိုင်ပါတယ်။
Overthinking
စိတ်ဓာတ်ကျနေတဲ့အချိန်မှာ အဆင်မပြေတာတွေ၊ ဝမ်းနည်းစရာတွေကို အရမ်းမတွေးပါနဲ့။ အရမ်းတွေးပြီး အတွေးလွန်နေရင် Overthinking ဖြစ်ပြီး စိတ်ဓာတ်ကျတာက ပိုဆိုးလာပါတယ်။ စိတ်ပင်ပန်းပြီး ပိုခံစားရတယ်။ ဝမ်းနည်းရပါတယ်။
တစ်ယောက်ထဲနေတာ
စိတ်ဓာတ်ကျနေတဲ့အချိန်၊ အရမ်းစိတ်ညစ်နေတဲ့အချိန်မှာ တော်တော်များများက တစ်ယောက်ထဲနေရတာကို ပိုသဘောကျကြတယ်။ အခန်းထဲမှာ တစ်ယောက်ထဲနေတတ်ကြပါတယ်။ ဒီလိုတစ်ယောက်ထဲနေရင် တစ်ခုပြီးတစ်ခုတွေးပြီး ပိုဝမ်းနည်းရမယ်။ ပိုပြီးအထီးကျန်ခံစားရပါမယ်။ ဒါတွေက သင့်ကိုပိုပြီးစိတ်ဓာတ်ကျစေပါတယ်။ စိတ်အခြေအနေပိုဆိုးသွားစေပါတယ်။
Toxic people
စိတ်ဓာတ်ကျနေတဲ့အချိန်မှာ Toxic people တွေနဲ့ ဝေးဝေးနေပါ။ ကိုယ့်အပေါ်မကောင်းတဲ့ သူတွေနားသွားနေပြီး သူတို့ရဲ့အပြောအဆိုတွေကြားမှာ ကိုယ့်ရဲ့စိတ်အခြေအနေ ပိုဆိုးသွားပါလိမ့်မယ်။ ပိုပြီးဝမ်းနည်းရပါလိမ့်မယ်။ သူတို့ကိုစကားသွားပြောတာမျိုး၊ ရင်ဖွင့်တာမျိုးလုပ်မယ့်အစား ကိုယ့်ကိုချစ်တဲ့သူတွေနားမှာပဲနေပြီး ကိုယ့်အပေါ်နားလည်ပေးနိုင်တဲ့ သူတွေကိုပဲ ရင်ဖွင့်ပါ။
လိုက်မယှဉ်ပါနဲ့
စိတ်ဓာတ်ကျနေတဲ့အချိန်မှာ သူကျတော့လှပြီး၊ ငါကျတော့မလှဘူး စတဲ့ နှိုင်းယှဉ်မှုမျိုးတွေ မလုပ်ပါနဲ့။ ကိုယ့်ထက်သာနေတဲ့သူတွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုသိမ်ငယ်အောင်၊ ပိုပြီးစိတ်ဓာတ်ကျ ဝမ်းနည်းရအောင် မလုပ်ပါနဲ့။
source:www.pexels.com