ကိုယ်လိမ်းထားတဲ့မိတ်ကပ်တွေ ကြာရှည်ခံစေဖို့အတွက် အောက်ခံ foundation တစ်ခုထဲ လိမ်းပေးလို့မရပါဘူး။ ဒီအရာတွေကိုလည်း သုံးပေးဖို့လိုပါတယ်။ ဒါမှ မိတ်ကပ်သားကြာရှည်ခံပြီး အလှမပျက် ဖြစ်နေမှာပါ။

Skincare step

မိတ်ကပ်မလိမ်းခင်မှာ အခြေခံ skincare step တွေဖြစ်တဲ့ toner နဲ့ moisturizer ကိုတော့ မဖြစ်မနေ လိမ်းပေးဖို့လိုပါတယ်။ ဒါမှ အသားအရေလည်း မထိခိုက်ပဲ မိတ်ကပ်လိမ်းရတာလည်း ပိုကောင်းလာမယ်၊ မိတ်ကပ်သားလည်း ပိုလှနေပါမယ်။

Sunscreen လိမ်းပါ

ညနေပိုင်းနဲ့ ညပိုင်းကလွဲလို့ ကျန်တဲ့အချိန်တွေမှာ skincare step လိမ်းပြီးတာနဲ့ sunscreen လိမ်းပေးရပါမယ်။ Sunscreen မလိမ်းရင်တော့ နေပူထဲထွက်တာများတာနဲ့ မျက်နှာမဲပြီး အသားအရေ ပျက်စီးလာမှာပါ။

Primer လိမ်းပါ

Primer လိမ်းပေးတာက မိတ်ကပ်သားပိုလှပြီး လိမ်းထားတာလည်း ပိုကြာရှည်ခံစေပါတယ်။

Makeup Sponge နဲ့လိမ်းပါ

မိတ်ကပ်လိမ်းရင် လက်နဲ့ပွတ်ဆွဲပြီး မလိမ်းပါနဲ့။ အရေးအကြောင်းတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် မိတ်ကပ်သားလည်း မညီပါဘူး။ ကွက်တာတွေ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် မိတ်ကပ်လိမ်းမယ်ဆိုရင် makeup sponge နဲ့ သေချာလေး လိမ်းပေးပါ။ မိတ်ကပ်သား သိပ်သိပ်ညက်ညက်လေးနဲ့ ပိုလှပါတယ်။

Setting Powder (သို့) Cream Puff

မိတ်ကပ်လိမ်းပြီးရင် setting powder (သို့) cream puff သုံးပေးတာက လိမ်းထားတဲ့မိတ်ကပ်ကို setting ချလိုက်သလိုမျိုး ဖြစ်သွားစေတဲ့အတွက် မိတ်ကပ်သားပိုညက်သွားစေတယ်၊ မိတ်ကပ်သားပိုကြာရှည်ခံစေတယ်၊ ချွေးထွက်တာနဲ့ ကွက်ပြီးပျက်တာမျိုးတွေလည်း တော်ရုံမဖြစ်တော့ပါဘူး။