အထူးသဖြင့်တော့ လူငယ်တော်တော်များများက ည ၁၀ နာရီ မအိပ်ကြပါဘူး။ ညသန်းခေါင်ထိ မအိပ်ပဲနေကြတယ်။ ၁၂ နာရီကျော်၊ ၂ နာရီကျော်လောက်မှ အိပ်ကြတယ်။ မနက်ကျ နောက်ကျမှာထတာမျိုး၊ တစ်ခါတစ်လေလည်း မနက်စောထရတော့ အိပ်ရေးမဝတာမျိုးတွေ ဖြစ်လာပါတယ်။ ဒီလို အိပ်ချိန်မမှန်တာတွေက ကြာလာတဲ့အခါမှာ ကျန်းမာရေးတင်မဟုတ်ပဲ စိတ်ရောကိုယ်ပါ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက ည ၁၀ နာရီမှာ ပုံမှန်အိပ်ပေးရပါမယ်။ ၁၀ နာရီမကျော်အောင် ကြိုးစားအိပ်သင့်ပါတယ်။ ဒီလို ည ၁၀ မှာ ပုံမှန်အိပ်ပေးမယ်ဆိုရင် ဘယ်လိုကောင်းကျိုးတွေ ရရှိလာမလဲဆိုတာကိုပါ ပြောပြပေးလိုက်ပါတယ်။

Stress တွေ လျော့နည်းလာမယ်

ညဘက်နောက်ကျမှအိပ်ရင် စိတ်မကြည်မလင်ဖြစ်ပြီး အတွေးတွေများမယ်။ Stress ရှိတဲ့သူဆို Stress ပိုပိလာပါမယ်။ ည ၁၀ နာရီမှာ ပုံမှန်အိပ်တာကို အကျင့်လုပ်ပေးသွားမယ်ဆိုရင်တော့ စိတ်ကြည်လင်ပြီး အတွေးတွေလျော့လာမယ်။ Stress တွေလျော့ပြီး ပေါ့ပါးလန်းဆန်းပါမယ်။

ကိုယ်ခံအားကောင်းလာမယ်

ည ၁၀ နာရီမကျော်ခင်မှာ ပုံမှန်အိပ်ပေးမယ်ဆိုရင်တော့ ကိုယ်ခံအားကောင်းလာပြီး တော်ရုံရောဂါပိုးတွေ မဝင်နိုင်ပါဘူး။ ဒီလိုမဟုတ်ပဲ ညဘက်နောက်ကျမှအိပ်ရင်တော့ စိတ်ရောလူပါထိခိုက်စေသလို၊ ကျန်းမာရေးလည်း ထိခိုက်စေပါတယ်။ ညစောစောအိပ်လို့ အိပ်ရေးဝတာနဲ့ ညနောက်ကျမှအိပ်ပြီး မနက်မထပဲ တစ်ချိန်လုံးအိပ်နေလို့ အိပ်ရေးဝတာက မတူပါဘူး။ အိပ်ချိန်မှန်မှန်နဲ့ အိပ်ရေးဝအောင်မအိပ်ရင် ကိုယ်ခံအားလျော့နည်းပြီး ရောဂါပိုးနဲ့ အဖျားတွေ လွယ်လွယ်ဝင်နိုင်ပါတယ်။

ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်မယ်

ပုံမှန်အိပ်ချိန်လေးနဲ့ ညဘက်စောစောအိပ်ပြီး စောစောထတော့ စိတ်ကြည်လင်လန်းဆန်းမယ်၊ အမြဲအိပ်ရေးဝနေတဲ့အတွက် တော်ရုံစိတ်တို ဒေါသထွက်တာလောက်ပဲဖြစ်ပြီး ကိုယ့်စိတ်ကိုလည်း ထိန်းချုပ်လာနိုင်ပါမယ်။ အိပ်ရေးမဝတဲ့အချိန်မှာ တစ်ခုခုစိတ်ညစ်စရာ၊ ဒေါသထွက်စရာတွေ့ရင် ပုံမှန်ထက်ကို ပိုစိတ်ရှုပ်ပြီး ပေါက်ကွဲတတ်ပါတယ်။ ဒေါသကိုမထိန်းချုပ်နိုင်ပဲ အမှားတွေလုပ်မိပြီး ပြောချင်ရာပြောမိမှာပါ။

အလှအပအတွက်အကျိုးရှိလာမယ်

နောက်ဆုံးအနေနဲ့ကတော့ အိပ်ချိန်ကို ည ၁၀ နာရီ ပုံမှန်ထားပြီး အိပ်ရေးဝဝအိပ်မယ်ဆိုရင်တော့ အရေးအကြောင်းတွေ မြန်မြန်မဖြစ်အောင် ကာကွယ်တားဆီးပေးနိုင်မယ်၊ ဝက်ခြံထွက်တာတွေလည်း လျော့နည်းလာစေမယ်၊ အသားအရေလည်း ညစ်ညစ်ကြီးမဖြစ်တော့ပဲ ပိုကောင်းလာမယ်၊ မျက်ကွင်းညိုတာလည်း သက်သာလာမယ် စတဲ့ အလှအပရေးရာအတွက်လည်း အများကြီး ကောင်းကျိုးတွေရှိပါတယ်နော်။

Photo source: www.freepik.com