ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းနေရင် ကြောက်စိတ်တွေ၊ အလိုမကျတာတွေဖြစ်လာပြီး ဘာလုပ်လုပ် စိတ်ဓာတ်ကျပြီး အားငယ်နေမှာပါ။ ဘယ်အရာကိုပဲဖြစ်ဖြစ် လုပ်တောင်မလုပ်ရသေးဘူး ငါတော့လုပ်နိုင်မှာမဟုတ်ပါဘူးဆိုတဲ့ စိတ်တွေဝင်လာပြီး အောင်မြင်မှုလမ်းစတွေ ပျောက်လာမှာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာတဲ့အခါမှာ ဒီလိုအရာတွေလည်း ဖြစ်လာနိုင်ပါတယ်။

တစ်ယောက်တည်းသီးသန့်ဖြစ်နေခြင်း

ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းနေရင် လူတွေနဲ့ကွဲထွက်ပြီး တစ်ယောက်ထဲပဲနေချင်လာပါတယ်။ အများနဲ့နေရတာထက် တစ်ယောက်ထဲနေရတာကိုပဲ ပိုသဘောကျလာမယ်၊ တစ်ယောက်ထဲတွေးပြီးလည်း အားငယ်စိတ်တွေ ဝင်လာတတ်ပါတယ်။ တစ်ခုခုဆိုရင် အကောင်းဘက်ကမတွေးပဲ အမြဲတမ်း အဆိုးဘက်ကပဲတွေးပြီး ကြောက်ရွံ့နေတတ်ပါသေးတယ်။

ကိုယ့်ကိုယ်ကိုအထင်သေးခြင်း

ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းရင် တဖြေးဖြေးနဲ့ ယုံကြည်မှုပါ ပျောက်ဆုံးလာမှာပါ။ ကိုယ်လုပ်လိုက်တဲ့အရာတစ်ခု မအောင်မြင်ရင် သူများထက်ပိုပြီးတော့ကို စိတ်ဓာတ်ကျမှာပါ။ နောက်တစ်ခေါက်ပြန်စဖို့ကိုလည်း ယုံကြည်မှုရှိတော့မှာ မဟုတ်ပါဘူး။ ဘယ်အရာကိုပဲဖြစ်ဖြစ် ငါမလုပ်နိုင်ဘူး၊ ငါလုပ်ရင်ဖြစ်မှာမဟုတ်ဘူးဆိုတဲ့ အတွေးတွေပဲ ဆက်တိုက်ဝင်နေမှာပါ။

လူတောမတိုးခြင်း

ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းတဲ့သူက လူတောလည်းမတိုးပါဘူး။ တစ်ယောက်တည်းလုပ်ရမယ့် အရာတွေကိုလည်း အဖော်ပါမှလုပ်ရဲမယ်၊ မသွားရဲမလာရဲ၊ မပြောရဲမဆိုရဲတွေ ဖြစ်နေမှာပါ။ ဒီလိုမျိုးတွေက ကြာလာတဲ့အခါမှာ နုံအတဲ့သူလိုမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။

အားငယ်စိတ်ဝင်လာခြင်း

ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းရင် အားငယ်စိတ်တွေက အလိုလိုဝင်နေတဲ့အတွက် ဘယ်သူမှ ကိုယ့်ကိုဂရုမစိုက်ဘူးလို့ ထင်နေတတ်ပါတယ်။ ဒီလိုအတွေးတွေဝင်လာတော့ သူငယ်ချင်းတွေနဲ့လည်း အဆင်မပြေ၊ ရည်းစားနဲ့လည်း အဆင်မပြေ ဖြစ်လာပါမယ်။ တစ်ယောက်ယောက်က ကိုယ့်ကိုဂရုစိုက်ပေးနေရင်တောင် သူ့ရဲ့ဂရုစိုက်မှုတွေက မလုံလောက်ဘူး၊ မကျေနပ်ဘူး ဖြစ်နေမှာပါ။