Workout လုပ်မယ်ဆိုရင် ရေဘူးကို အနားမှာယူထားဖို့လိုပါတယ်။ Workout လုပ်နေရင်းနဲ့လည်း ရေသောက်ပေး၊ လုပ်ပြီးသွားရင်လည်း ရေများများသောက်ပေးမှ ကုန်ဆုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်မှာပါ။ ဒီလို Workout လုပ်ပြီး ရေကိုလုံလောက်အောင် မသောက်ဘူးဆိုရင်တော့ ခန္ဓာကိုယ်အတွက် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေ ရှိပါတယ်။

Skin aging တွေ ဖြစ်လာမယ်

Workout လုပ်ပြီး ရေကို လုံလောက်အောင်မသောက်ရင် ခန္ဓာကိုယ်က Collagen ထုတ်လုပ်နိုင်မှုတွေ လျော့နည်းလာပြီး အရေးအကြောင်းတွေပေါ်လာမယ်၊ Skin aging တွေ မြန်မြန်ဖြစ်လာပါလိမ့်မယ်။

ဝိတ်ကျဖို့ပိုကြာပါတယ်

Workout လုပ်နေချိန်မှာ ရေမသောက်ရဘူးလို့ တချို့ကတွေးကြတယ်။ ထင်ကြတယ်။ ဒါဟာ မှားယွင်းပါတယ်။ Workout လုပ်နေချိန်၊ လုပ်ပြီးတဲ့အချိန်တွေမှာ ရေကို လုံလောက်အောင် များများသောက်ပေးမှ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေလောင်ကျွမ်းပြီး ဝိတ်ကျစေဖို့ အထောက်အကူပိုဖြစ်မှာပါ။

ခန္ဓာကိုယ်တွင်းမှာအဆိပ်အတောက်တွေ ဖြစ်လာစေတယ်

Workout လုပ်ပြီး ရေကို လုံလောက်အောင်မသောက်မိရင် ကြာလာတဲ့အခါမှာ ခန္ဓာကိုယ်က ထွက်တဲ့ချွေးတွေက များတဲ့အတွက် အားအင်ကုန်ခမ်း၊ ရေဓာတ်ကုန်ခမ်းလာပါမယ်။ အဲ့ဒီ ကုန်ခမ်းသွားတဲ့ရေဓာတ်ကို ကောင်းစွာပြန်လည်ဖြည့်တင်းမပေးနိုင်တဲ့အတွက် ခန္ဓာကိုယ်တွင်းမှာ အဆိပ်အတောက်တွေ ဖြစ်လာစေပါတယ်။

လုပ်နေတာတွေက မထိရောက်တော့ဘူး

Workout လုပ်ပြီး ရေကိုလုံလောက်အောင်မသောက်တဲ့အတွက် မောပန်းပြီး Workout လုပ်ရတာ မထိရောက်တော့တာမျိုး ဖြစ်လာနိုင်ပါတယ်။

ကြွက်သားတွေနာကျင်လာမယ်

Workout လုပ်ပြီး ရေကို လုံလောက်အောင် မသောက်မိရင် ကြွက်သားတွေနာကျင်လာပါမယ်။ လုပ်နေတဲ့အချိန်မှာပဲ နာကျင်တာမျိုးမဟုတ်ပဲ နောက်ရက်တွေထိ နာကျင်နေတာမျိုး ဖြစ်လာပါလိမ့်မယ်။

မောပန်းနွမ်းနယ်လာမယ်

Workout လုပ်ရတာ ချွေးအရမ်းထွက်တယ်၊ ပင်ပန်းပါတယ်။ ဒါကြောင့် ရေများများသောက်ပေးဖို့ လိုပါတယ်။ အဲ့ဒါကိုမှ Workout လုပ်ပြီး ရေကို လုံလောက်အောင်မသောက်မိရင်တော့ မောပန်နွမ်းနယ်လာမယ်။ တအားမောပြီး ပင်ပန်းလာမယ်။ အမြဲအဲ့လိုဖြစ်နေရင် Workout လုပ်ရတာ ပင်ပန်းပါတယ်ဆိုပြီး လက်လျော့ချင်စိတ်တွေ ဖြစ်လာပါလိမ့်မယ်။

Source: www.brightside.me