စုံတွဲတွေအနေနဲ့ အပြီးပြတ်တာမျိုးမဟုတ်ပဲ ခဏတာပြတ်တဲ့အချိန်မှာ မဆင်မခြင် စိတ်လက်မာန်ပါလုပ်တာမျိုးတွေကို ဆင်ခြင်သင့်ပါတယ်။ ပြီးရင် ကိုယ်ပဲနောင်တရနေရမှာပါ။ ဒါကြောင့် စုံတွဲတွေအနေနဲ့ ရန်ဖြစ်ပြီး ခဏတာပြတ်စဲနေချိန်မှာ မလုပ်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

အရှက်ရအောင်လုပ်ခြင်း

ရန်ဖြစ်ပြီး ခဏတာပြတ်စဲနေချိန်မျာတော့ နှစ်ဖက်လုံးက စိတ်တိုဒေါသထွက်ကြတာပါပဲ။ ချစ်တာတွေဘာတွေကို အဲ့အချိန်မှာ မမြင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း ပြီးရင်လည်း ပြန်တွဲမယ့်တူတူတော့ တစ်ယောက်ကိုတစ်ယောက် အရှက်ရအောင်မလုပ်ပါနဲ့။ ကိုယ့်ရည်းစားအပြစ်တွေ၊ လုပ်ထားတာတွေကို အများရှေ့မှာပြောပြီး အရှက်ခွဲတာမျိုးတွေ၊ social media ပေါ်တင်ပြီး အရှက်ခွဲတာမျိုးတွေ မလုပ်သင့်ပါဘူး။ အဲ့လိုတွေ အများသိအောင် အရှက်ခွဲပြီးမှ ပြန်တွဲတော့ နှစ်ယောက်လုံးသိက္ခာကျပါတယ်။

နောက်တစ်ယောက်နဲ့ရှုပ်ခြင်း

အပြီးပြတ်တာလည်းမဟုတ်ဘူး ရန်ဖြစ်စကားများကြပြီး ခဏတာပြတ်နေချိန်လေးမှာ နောက်တစ်ယောက်နဲ့ ရှုပ်တာမျိုးတွေလည်း မလုပ်သင့်ပါဘူး။ တစ်ဖက်လူက နောက်တစ်ယောက်နဲ့ရှုပ်တာကို သိသွားရင် ပြဿနာတွေပိုကြီးပြီး တကယ်လမ်းခွဲလိုက်ရတဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်။

နာကျင်စေမယ့်စကားတွေခဏခဏပြောခြင်း

ရန်ဖြစ်စကားများနေချိန်မှာတော့ တစ်ယောက်ကိုတစ်ယောက် စိတ်တိုတာ ဒေါသထွက်တာနဲ့ အနိုင်လိုချင်စိတ်တွေ၊ စကားနာလုချင်စိတ်တွေပဲ ရှိနေမှာပါပဲ။ အဲ့အချိန်မှာ စကားပြောတာ လွန်သွားရင် နောက်ကျ စိတ်ဒဏ်ရာရတာမျိုး၊ စကားလွန်ပြီး ပြန်အဆင်မပြေနိုင်တာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် စိတ်ထိန်းပြီး စကားကိုလည်းထိန်းပြောပါ။ တစ်ယောက်ကိုတစ်ယောက် နာကျင်စေမယ့်စကားတွေ ခဏခဏမပြောမိပါစေနဲ့။

ပတ်သက်တဲ့အရာတွေကိုဖျက်စီးပစ်ခြင်း

ဓာတ်ပုံဆိုရင် ဖျက်ပစ်လည်း ပြန်ယူလို့ရနိုင်ပေမယ့် တချို့အမှတ်တရတွေ ပစ္စည်းတွေက ဖျက်စီးပစ်ပြီးရင် ပြန်မရနိုင်ပါဘူး။ ပြန်တည့်သွားရင် နောင်တရနေပါလိမ့်မယ်။ ဒါကြောင့် တကယ်ပြတ်တာမျိုးမဟုတ်ပဲ ခဏတာရန်ဖြစ်ပြီး ပြတ်တာမျိုးဆိုရင်တော့ ပတ်သက်တဲ့အရာတွေ၊ အရေးကြီးတဲ့ အမှတ်တရတွေကို ဖျက်ဆီးပစ်တာမျိုး မလုပ်သင့်ပါဘူး။