အလုပ်လုပ်တဲ့အခါမှာ ideas ကောင်းကောင်းရပြီး creative ဖြစ်နေဖို့က အရမ်းအရေးကြီးပါတယ်။ ဒါမှလည်း အလုပ်လုပ်ရတာပျော်ရွှင်ပြီး စိတ်ချမ်းသာရမယ်၊ ကိုယ့်အတွက်လည်း တိုးတက်မှုရစေပါမယ်။ ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး creative ကောင်းကောင်းမလုပ်နိုင်ရင် အဆင်မပြေပါဘူး။ ဒါကြောင့် အလုပ်မှာ တီထွင်ဖန်တီးနိုင်စွမ်းတွေ လျော့ကျအောင် သင်ကိုယ်တိုင်လုပ်နေမိတဲ့ အရာတချို့ကို ပြောပြပေးလိုက်ပါတယ်။ ဒီအရာတွေကိုလုပ်နေမိရင် creative ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ပါဘူး။

အလုပ်အရမ်းများခြင်း

အလုပ်တွေပိပြီးပုံနေရင်၊ အလုပ်တွေအများကြီးကို တစ်ထိုင်ထဲစုပြုံပြီးလုပ်နေရရင် ideas ကောင်းကောင်းရနိုင်မှာမဟုတ်သလို၊ တီထွင်ဖန်တီးနိုင်စွမ်းတွေလည်း လျော့ကျသွားစေပါတယ်။ အလုပ်များတော့ pressure တွေဖြစ်ပြီး ဒီအလုပ်တွေပြီးအောင်လုပ်ဖို့ကိုပဲ စိတ်လောနေတတ်ပါတယ်။

ကိုယ့်ခန္ဓာကိုယ်ကဘာဖြစ်နေလဲဆိုတာကိုနားမလည်ခြင်း

ကိုယ့်ခန္ဓာကိုယ်က ပင်ပန်းနေလား၊ ဘယ်နေရာဘာဖြစ်နေလဲ၊ ဒီအလုပ်တွေကြောင့် stress တွေများနေလားဆိုတာကို သိဖို့လိုပါတယ်။ ဒါမှ ပင်ပန်းနေရင် ခဏအနားယူပြီး relax ဖြစ်အောင်အရင်လုပ်ရပါမယ်။ ကိုယ်ဘာဖြစ်နေလဲဆိုတာကိုမသိပဲ အလုပ်ကိုဖိလုပ်နေမယ်ဆိုရင်တော့ အလုပ်ထဲစိတ်မပါဖြစ်ပြီး creative လုပ်နိုင်စွမ်းတွေ လျော့ကျလာပါတယ်။

တစ်နေရာထဲမှာအကြာကြီးထိုင်နေခြင်း

အလုပ်လုပ်တဲ့အခါ တစ်နေရာထဲမှာပဲ အချိန်အကြာကြီး တောက်လျှောက်ထိုင်နေရင် အညောင်းမိတာ၊ ခါးနာတာ၊ ဇာတ်ကြောတက်၊ ခေါင်းအုံတာတွေဖြစ်ပြီး ခေါင်းမကြည်၊ စိတ်မကြည် ဖြစ်လာပါတယ်။ ဒီလိုတွေဖြစ်လာရင် တီထွင်ဖန်တီးနိုင်စွမ်းတွေက လျော့ကျလာပါတယ်။ ဒါကြောင့် ခဏလောက် break ပေးပြီး အနားယူတာ၊ လမ်းလျှောက်တာ၊ ကော်ဖီသောက်တာ၊ လေကောင်းလေသန့်ထွက်ရှူတာမျိုး လုပ်ပေးသင့်ပါတယ်။

စိုးရိမ်ပူပန်မှုများနေခြင်း

တစ်ခုခုဆို စိတ်အေးအေးထားပြီးမလုပ်ပဲ “ငါလုပ်နိုင်ပါ့မလား၊ ပြီးပါ့မလား၊ အချိန်မှီပါ့မလား၊ အလုပ်တွေကပုံနေလို့ စိတ်ညစ်လိုက်တာ” စသဖြင့် စိုးရိမ်စိတ်တွေများပြီး ပူပန်နေရင် ခေါင်းကပူထူပြီး ဗျာများနေတဲ့အတွက် အလုပ်မှာတီထွင်ဖန်တီးနိုင်စွမ်းတွေ လျော့ကျလာပါတယ်။ ideas ကောင်းတွေလည်း ထပ်မထွက်လာတော့ပါဘူး။

အလုပ်စားပွဲရှုပ်ပွနေခြင်း

ကိုယ့်ရဲ့အလုပ်စားပွဲနဲ့ အလုပ်နေရာက ရှုပ်ပွနေရင် စိတ်ရှုပ်စေပါတယ်။ အလုပ်လုပ်ရတာလည်း စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ကိုယ့်အလုပ်စားပွဲက ရှင်းလင်းပြီး သပ်သပ်ရပ်ရပ်ဖြစ်နေမှ အလုပ်လုပ်ရတာလည်း လန်းဆန်းမှုရှိစေပါတယ်။