စိတ်ဓာတ်ကျပြီး Depression ဝင်နေတဲ့အချိန်မှာ အများနဲ့တူတူရှိနေရင်တောင် ခံစားရတာ တစ်ယောက်ဖြစ်နေရင် ပိုတောင်ဆိုးပါသေးတယ်။ ဒါကြောင့် Depression ဝင်နေချိန်မှာ တစ်ယောက်ထဲဖြတ်ကျော်နိုင်ဖို့ ဒီအရာတွေက ကူညီပေးနိုင်ပါတယ်။

Social Media မသုံးပါနဲ့။

စိတ်ဓာတ်ကျနေချိန်၊ စိတ်ညစ်နေတဲ့အချိန်မှာ Social Media သုံးလိုက်ရင် ပိုပြီးဖိအားဖြစ်စေပါတယ်။ ဒါကြောင့် Social Media မသုံးပဲ ရက်အနည်းငယ်လောက်နေလိုက်ပါ။ Social Media မသုံးပဲနဲ့ ရုပ်ရှင်ကြည့်တာ၊ ဂိမ်းကစားတာ၊ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် Motivational Video တွေကို YouTube ကနေကြည့်တာမျိုး လုပ်ပေးလို့ရပါတယ်။

စာအုပ်ဖတ်ပါ

စိတ်အားငယ်တတ်ရင်၊ စိတ်ဓာတ်ကျတတ်ရင်၊ စိတ်ဓာတ်မခိုင်မာရင် စိတ်ခွန်အားဖြစ်စေတဲ့စာအုပ်တွေ၊ ဘဝအတွက်အထောက်အကူဖြစ်စေမယ့် စာအုပ်တွေ များများဝယ်ထားပြီး နေ့တိုင်းဖတ်ပါ။ ဒီလိုစာအုပ်တွေဖတ်တာ၊ စာများများဖတ်တာက စိတ်ဓာတ်ပိုင်း၊ အတွေးအခေါ်ပိုင်း အများကြီးတိုးတက်ပြောင်းလဲလာစေပါတယ်။ စာအုပ်ဖတ်နေချိန်မှာလည်း စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျပြီး တစ်ယောက်ထဲဖြစ်နေချိန်မှာ စာဖတ်ပါ။

ယောဂကျင့်ပါ၊ တရားထိုင်ပါ

ယောဂကျင့်တာ၊ တရားထိုင်တာကလည်း စိတ်တည်ငြိမ်အေးချမ်းစေပြီး စိတ်ပေါ့ပါးစေပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျပြီး တစ်ယောက်ထဲဖြစ်နေချိန်မှာ ဘာလုပ်ရမှန်းမသိရင် တရားထိုင်ပါ။ ဒါမှမဟုတ်လည်း ယောဂကျင့်ပါ။

အလုပ်ရှုပ်အောင်နေပါ

အလုပ်ရှုပ်နေရင် ဘာမှမတွေးမိတော့တဲ့အတွက် စိတ်ဓာတ်ကျတာတွေလည်း ခဏမေ့သွားစေတယ်။ အားငယ်စိတ်တွေ၊ ဝမ်းနည်းစိတ်တွေလည်း မေ့သွားစေပါတယ်။ ဒါကြောင့် မအားအောင်နေပါ။ အလုပ်ရှုပ်အောင်နေပါ။

Photo source: www.freepik.com