နားကျပ်ကို အချိန်အကြာကြီးတပ်ထားတာမျိုး၊ အကျယ်ကြီးဖွင့်ပြီး နားထောင်တာမျိုးတွေက မကောင်းပါဘူး။ နားစည်ထိခိုက်စေသလို၊ တခြားသောအရာတွေလည်း ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် နားကျပ်ကိုအချိန်ကြာတပ်ထားပြီး နားထောင်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ခေါင်းကိုက်ခြင်း

နားကျပ်ကို အချိန်ကြာကြာတပ်ပြီး နားထောင်ရင် ခေါင်းကိုက်လာတာမျိုး အမြဲဖြစ်ပါတယ်။ အကျယ်ကြီးဖွင့်နားထောင်တာ ကြာလာရင်လည်း ခေါင်းတွေထိုးကိုက်လာတာမျိုး ဖြစ်ပါတယ်။

အကြားအာရုံပျက်စီးခြင်း

နားကျပ်ကိုအမြဲလိုလို အကြာကြီးတပ်ပြီး နားထောင်တာ၊ အသံအကျယ်ကြီးဖွင့်ပြီး အချိန်ကြာကြာ နားထောင်တာတွေက ကြာလာတဲ့အခါမှာ ဒဏ်ဖြစ်ပြီး နားစည်ထိခိုက်တာမျိုး၊ အကြားအာရုံပျက်စီးတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။

နားဖာချေးပိတ်ဆို့ခြင်း

နားကျပ်အမြဲတပ်ထားလေ့ရှိတဲ့သူက နားကျပ်သိပ်မတပ်တဲ့သူထက် ပိုပြီးတော့ နားထဲမှာ နားဖာချေးပိတ်ဆို့တာတွေ ဖြစ်လေ့ရှိပါတယ်။ ဂွမ်းတံနဲ့ထိုးကလော်ရင်လည်း အထဲကိုပိုဝင်သွားတာပဲ ရှိပါတယ်။

ဝက်ခြံထွက်စေခြင်း

ရိုးရိုးနားကျပ်လေးတွေကတော့ ဘာမှမဖြစ်ပေမယ့် နားကျပ်အကြီးတွေကို အမြဲလိုလို အချိန်ကြာအောင်တပ်ထားရင်တော့ တပ်ထားတဲ့နေရာက ချွေးပြန်ပြီး ဝက်ခြံပေါက်တာ၊ ဖုပေါက်တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။

source:www.brightside.me