အစာစားပြီးရင် လမ်းလျှောက်မှ အစာကြေပြီး အဆီမတက်မှာပါ။ တချို့ကျတော့ အစာစားပြီးရင် လှဲနေကြတာ၊ အိပ်လိုက်ကြတာမျိုး ရှိပါတယ်။ ဒီလို အစာစားပြီးချိန်မှာ အနားယူအိပ်စက်ခြင်းကြောင့် သင့်ခန္ဓာကိုယ်မှာ ဒီလိုအရာတွေ ဖြစ်လာပါလိမ့်မယ်။

ရင်ပူရင်ဆာဖြစ်ခြင်း

အစာစားပြီးချိန်မှာ လှဲနေတာ၊ အိပ်လိုက်တာတွေကက အစာခြေစနစ်ကို ထိခိုက်နိုင်ပါတယ်။ ရင်ပူရင်ဆာဖြစ်တတ်ပါတယ်။ အစာမကြေဖြစ်ပြီး အစာတွေလည်ပင်းမှာ တစ်နေသလိုဖြစ်တာမျိုး၊ ဗိုက်အောင့်တာမျိုး ဖြစ်တတ်ပါတယ်။

အိပ်စက်ချိန်ကိုထိခိုက်ခြင်း

ဗိုက်တင်းအောင်အစာစားပြီး ချက်ချင်းအိပ်တာက အစာမကြေဖြစ်ပြီး တော်ရုံနဲ့အိပ်မပျော်ပါဘူး။ အီလည်လည်ကြီးဖြစ်ပြီး အိပ်မပျော်တာမျိုး ဖြစ်လေ့ရှိပါတယ်။ အရမ်းဗိုက်တင်းပြီး ချက်ချင်းအိပ်ပျော်သွားရင်လည်း ခဏပါပဲ။ ပြန်နိုးလာတတ်ပါတယ်။ ဒါကြောင့် အိပ်ချင်ရင်တောင် အစာစားပြီး ၃ နာရီကြာမှ အိပ်စက်တာက ပိုပြီးအိပ်လို့ကောင်းစေပါတယ်။

ခဏခဏဆီးသွားချင်နေခြင်း

အစာစားသောက်ပြီး ချက်ချင်းအိပ်မယ်ဆိုရင် ခဏခဏဆီးသွားချင်နေပါလိမ့်မယ်။ ဆီးရွှင်တဲ့သူတွေဆို ၁၅ မိနစ်တစ်ခါ၊ နာရီဝက်တစ်ခါကို ဆီးသွားချင်နေတာကြောင့် အဆင်မပြေပါဘူး။ အိပ်ပျော်တော့မယ်ကြံခါရှိသေး ဆီးသွားချင်လို့ ထရတာမျိုး ခဏခဏဖြစ်နေတတ်ပါတယ်။ ဒါကြောင့် စားသောက်ပြီး ၃ နာရီလောက်ကြာမှ အိပ်မယ်ဆိုရင်တော့ အေးအေးဆေးဆေးအိပ်နိုင်မှာပါ။

ဝိတ်တက်ခြင်း၊ အဆီတက်ခြင်း

အစာစားပြီး ချက်ချင်းလှဲအိပ်တာက အဆီတက်၊ ဝိတ်တက်စေပါတယ်။ အဓိကကတော့ ဗိုက်ခေါက်ထွက်တာ၊ ဗိုက်အဆီထွက်တာမျိုးတွေ ဖြစ်ပါမယ်။ အမြဲတမ်းသာ အဲ့လိုအိပ်နေမယ်ဆိုရင်တော့ ဝိတ်တက်ပြီးဝလာတာ မြန်လာပါလိမ့်မယ်။

source:www.brightside.me