လေ့ကျင့်ခန်းမလုပ်ပဲ ခါးသေး၊ ဗိုက်ချပ်အဆီကျချင်တဲ့သူတွေက Waist Trainer ဝတ်လေ့ရှိပါတယ် ဒီလို Waist Trainer ဝတ်တာက အဆီတော့ကျသွားနိုင်ပေမယ့် သင့်ခန္ဓာကိုယ်မှာ ဒီအရာတွေတော့ ဖြစ်လာနိုင်ပါတယ်။

Waist Trainer ကိုဝတ်လို့ ခါးသေးနိုင်ပေမယ့်၊ ဗိုက်အဆီကျပြီး ဗိုက်ချပ်သွားနိုင်ပေမယ့် Gym ဆော့သလိုမျိုးတော့ အချိုးအစားကျနေမှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်လှချင်တာဆိုရင်တော့ Waist Trainer ဝတ်မယ့်အစား Gym ဆော့သင့်ပါတယ်။

Waist Trainer ဝတ်ပြီးအဆီကျသွားပေမယ့် ရှိသမျှအဆီအကုန်လုံးကျသွားတော့ မဟုတ်ပါဘူး။ Waist Trainer ဝတ်ထားရင် အစာအိမ်ကို ဖျစ်ညှစ်ထားသလိုဖြစ်တဲ့အတွက် အခန့်မသင့်ရင် ဗိုက်အောင့်တာ၊ နေရထိုင်ရအဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်။ Waist Trainer နဲ့ အဆီကျအောင်လုပ်တာက ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိပါဘူး။

Waist Trainer ဝတ်ထားရင် နေရထိုင်ရတာ သက်တောင့်သက်သာမဖြစ်စေပါဘူး။ ခါးကိုမတ်နေအောင်လုပ်ပေးတဲ့အတွက် ခန္ဓာကိုယ်အနေအထားတော့ မှန်သွားပေမယ့် ခါးနာတတ်တဲ့သူတွေကျတော့ အခန့်မသင့်ရင် ခါးနာတာ ပိုဆိုးသွားတတ်ပါတယ်။

Waist Trainer ဝတ်ထားရင် အသက်ရှူကျပ်စေတာတော့ အမှန်ပါပဲ။ နေရတာအီလည်လည်နဲ့ တအားကိုဖျစ်ညှစ်ထားတဲ့အတွက် အန်ချင်သလိုလို ရင်ထဲမကောင်းသလိုလိုတွေပါ ဖြစ်လာတတ်ပါတယ်။ နဂိုကတည်းက အသက်ရှူကျပ်တတ်တဲ့သူတွေဆိုရင် Waist Trainer လုံးဝမဝတ်သင့်ပါဘူး။

source:www.brightside.me