အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေက အမြဲပုံမှန်လျှော်ပြီး လဲပေးဖို့လိုပါတယ်။ ၂ ပတ် တစ်ခါ လဲပေးရင်တော့ အကောင်းဆုံးပါပဲ။ ဒီလို အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို ပုံမှန်မလျှော်ခြင်းကြောင့် ဒီလိုအရာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဝက်ခြံထွက်တာ၊ အသားယားတာ

အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို ပုံမှန်မလျှော်ပဲ၊ မလဲပဲနဲ့ထားရင် အသားတွေယားတာ၊ အလက်ဂျစ်တွေထတာ၊ ခေါင်းအုံးစွပ်မလဲရင် ဝက်ခြံထွက်တာ၊ အဆီဖုထွက်တာတွေ ဖြစ်လာပါလိမ့်မယ်။ Skin ကောင်းချင်ရင် ဒါတွေကို ဂရုတစိုက်လဲပေးဖို့ အရမ်းအရေးကြီးပါတယ်။

နှာချေတာ၊ နှာမွှန်တာ၊ နှာခေါင်းယားတာ

အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်ကို မလဲပဲထားရင် ဘတ်တီးရီးယားတွေကပ်နေပြီး နှာချေတာ၊ နှာမွှန်တာ၊ နှာခေါင်းယားတာတွေ ဖြစ်လာပါလိမ့်မယ်။ အရမ်းဆိုးရင် allergies နဲ့ asthma ပါ ဖြစ်သွားတတ်ပါတယ်။ အသက်ရှူလမ်းကြောင်း ထိခိုက်နိုင်ပါတယ်။

ခေါင်းယားတာ

အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်ကိုမလဲရင် အသားယားတာတင်မဟုတ်ပဲ ခေါင်းတွေပါယားလာပါလိမ့်မယ်။ နောက်ဆက်တွဲပြဿနာကတော့ ခေါင်းတွေယားပြီး ဦးရေပြားမသန့်ရှင်းတဲ့အတွက် ဗောက်ထတာတွေပါ ဖြစ်လာပါတယ်။

မျက်လုံးယားတာ၊ နီရဲတာ

မျက်လုံးကိုထိတာကတော့ အဓိက ခေါင်းအုံးစွပ်ကြောင့်ပါ။ ခေါင်းအုံးစွပ်ကို ပုံမှန်မလဲပေးပဲထားတာက ကြာလာရင် မျက်သားယားပြီး နီရဲတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ခေါင်းအုံးစွပ်နဲ့ အိပ်ယာခင်းက အမြဲလဲနေပေးဖို့၊ သေချာလျှော်ပေးဖို့ လိုပါတယ်။

source:www.brightside.me