တစ်ခါတစ်လေကျရင် အလုပ်လုပ်နေရင်းနဲ့ ပျင်းလာတာမျိုး၊ ငြီးငွေ့ပြီး ဆက်မလုပ်ချင်တော့တာမျိုး ဖြစ်တတ်ပါဘူး။ ဒီလိုဖြစ်လာလို့ အလုပ်မလုပ်ပဲနေရင်လည်း မလုပ်မပြီးတဲ့အပြင် အလုပ်အကြွေးတွေ ကျန်နေမှာပါ။ ဒါကြောင့် အလုပ်လုပ်နေရင်းနဲ့ မပျင်းအောင်၊ ငြီးငွေ့လာတာမျိုး မဖြစ်အောင် လုပ်လို့ရတဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။
သီချင်းနားထောင်ပါ
သီချင်းနားထောင်ရင်းနဲ့ အလုပ်လုပ်ရင် Active ဖြစ်ပြီး စိတ်ကြည်လာမယ်၊ အလုပ်လုပ်ရတာလည်း တက်ကြွပြီး သွက်လက်နေပါမယ်။ ဒါကြောင့် အလုပ်လုပ်နေရင်းနဲ့ မပျင်းအောင်၊ ငြီးငွေ့လာတာမျိုးမဖြစ်အောင် သီချင်းနားထောင်ရင်းနဲ့ အလုပ်လုပ်ကြည့်ပါ။
ကော်ဖီသောက်ပါ
အလုပ်လုပ်နေရင်းနဲ့ သိပ်စိမ်မပါချင်သလို ဖြစ်လာပြီး၊ အိပ်ချင်သလိုလို ဖြစ်လာပြီဆိုရင် ကော်ဖီတစ်ခွက် ဖျော်သောက်ရင်းနဲ့ အလုပ်လုပ်ပါ။ ပြန်ပြီး လန်းဆန်းတက်ကြွလာပါလိမ့်မယ်။ ကော်ဖီမကြိုက်တဲ့သူဆိုရင် Drink တစ်ခုခု၊ လက်ဖက်ရည် စတာတွေ သောက်ကြည့်ပါ။
မုန့်စားပါ
အလုပ်လုပ်နေရင်းနဲ့ မပျင်းအောင်၊ ငြီးငွေ့လာတာမျိုး မဖြစ်အောင် Snack တစ်ခုခုစားရင်းနဲ့လည်း အလုပ်လုပ်လို့ရပါတယ်။ မုန့်စားလိုက်၊ အလုပ်လုပ်လိုက်နဲ့ဆိုတော့ အာရုံတစ်မျိုးပြောင်းသွားပြီး အဆင်ပြေသွားမှာပါ။
လမ်းထလျှောက်ပါ
တစ်ချိန်လုံးထိုင်ပြီးလုပ်နေရင်လည်း ပျင်းပြီး ငြီးငွေ့လာမှာပါ။ ဒီတော့ ခဏလောက် လမ်းထလျှောက်တာ၊ အပြင်ထွက် လေကောင်းလေသန့်ရှူတာမျိုး လုပ်ကြည့်ပါ။ ပြီးမှ အလုပ်ပြန်လုပ်ပါ။
စကားပြောပါ
အလုပ်လုပ်ရတာ ပျင်းပြီးငြီးငွေ့လာရင် အနားမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားခဏပြောပြီး စိတ်အပန်းဖြေလိုက်ပါ။ ပြီးမှ ဆက်လုပ်ပါ။ ဒါဆိုရင် စိတ်အပြောင်းအလဲဖြစ်ပြီး အလုပ်လုပ်ရတာလည်း ပြန်အဆင်ပြေသွားပါလိမ့်မယ်။