အထိုင်အလုပ်လုပ်ရတဲ့သူတွေအတွက်တော့ တစ်နေ့ကို ၈ နာရီလောက် အမြဲထိုင်နေရတာပါပဲ။ ဒီလို နေ့တိုင်း ၈ နာရီလောက်ထိုင်ပြီး အလုပ်လုပ်ရခြင်းကြောင့် ခန္ဓာကိုယ်မှာ ဒီလိုအရာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

နေ့တိုင်း ၈ နာရီလောက်ထိုင်ပြီး အလုပ်လုပ်ရတာက နှစ်တွေအချိန်တွေ ကြာလာတဲ့အခါမှာတော့ ကျောရိုးနဲ့ ခါးရိုးက ဒဏ်ဖြစ်လာတဲ့အတွက် ကျောရိုးကုန်းတာ၊ ခါးနာတာတွေ ဖြစ်လာနိုင်ပါတယ်။

အလုပ်လုပ်တဲ့သူတွေက နေ့တိုင်း ၈ နာရီလောက် ထိုင်ခုံမှာထိုင်နေရခြင်းက နှစ်နဲ့ချီကြာလာရင် မကောင်းပါဘူး။ သွေးပြန်ကြော ဖောင်းပွတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

နေ့တိုင်း ၈ နာရီလောက်ထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေအတွက်ကတော့ ခန္ဓာကိုယ်က လှုပ်ရှားမှုနည်းတဲ့အတွက် အရင်ထက်ပိုပြီး ဝလာတာ၊ အဆီတက်လာတာ၊ ဗိုက်နဲ့ခါးမှာ သိသိသာသာ အဆီစုပြပီး ဗိုက်ပူလာတာမျိုးတွေ သေချာပေါက်ဖြစ်လာမှာပါ။ နှစ်တွေအကြာကြီး ဒီလိုအရမ်းအထိုင်များနေမယ်ဆိုရင်တော့ အဝလွန်တာမျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။

နေ့တိုင်း ၈ နာရီလောက်ထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေထဲမှာမှ တချို့ဆို အရမ်းအလုပ်များလို့ အပိုအလုပ်လုပ်နေချိန် မရှိပါဘူး။ ဒီလိုလူမျိုးတွေကျတော့ ထမင်းစားပြီး နားဖို့အချိန်တောင် မရှိတဲ့အတွက် စားပြီးတာနဲ့ တန်းထိုင်ပြီး လုပ်ရတာမျိုးတွေ ရှိပါတယ်။ ဒီလိုလုပ်တာမျိုးက ကြာလာတဲ့အခါမှာ အစာခြေစနစ်ကို ထိခိုက်လာနိုင်ပါတယ်။ အစာမကြေတာမျိုးတွေ ခဏခဏဖြစ်လာနိုင်ပါတယ်။

နားချိန်လည်းမရှိပဲ အလုပ်တွေများပြီး နေ့တိုင်း ၈ နာရီလောက် ထိုင်အလုပ်လုပ်ရတာတွေက စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာနိုင်ပါတယ်။ စိတ်ညစ်ရတာ၊ စိတ်ရှုပ်ထွေးတာ၊ စိတ်ပင်ပန်းတာတွေ အရမ်းဖြစ်စေပါတယ်။

တစ်နေ့ကို အမြဲတမ်း ၈ နာရီလောက် အချိန်ပေးပြီး တစ်ချိန်လုံး ထိုင်ပြီးအလုပ်လုပ်နေရတာက Stress ဖြစ်စေပြီး ညဘက်အိပ်မပျော်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် နေ့တိုင်း ၈ နာရီလောက်ထိုင်ပြီး အလုပ်လုပ်ရတယ်ဆိုရင်တောင် တစ်ချိန်လုံး ဆက်တိုက်ကြီး ထိုင်နေတာမျိုး မလုပ်ပါနဲ့။ အိမ်သာထသွားပြီး ၅ မိနစ်လောက် လမ်းလျှောက်တာမျိုး၊ ရေထသောက်ပြီး လေကောင်းလေသန့် ၅ မိနစ်လောက်ရှူပြီး လမ်းလျှောက်တာမျိုး၊ ထမင်းစားပြီးရင် ချက်ချင်းထိုင်ပြီး အလုပ်မလုပ်သေးပဲ ၅ မိနစ်လောက် လမ်းလျှောက်တာမျိုး လုပ်ပေးသင့်ပါတယ်။ အကောင်းဆုံးကတော့ ၁ နာရီခြား (သို့) ၂ နာရီခြား တစ်ခါတော့ လမ်းခဏလျှောက်တာ၊ လှုပ်ရှားပေးတာမျိုး လုပ်ပေးပါ။

Source: www.brightside.me