ကျန်းမာပြီး ပျော်ရွှင်ဖို့ဆိုတာ ကိုယ်တိုင်လုပ်ယူလို့ရနိုင်တဲ့အရာတွေပါ။ ကိုယ့်ရဲ့နေထိုင်မှုပုံစံနဲ့ ကိုယ့်ရဲ့စိတ်ကိုပြောင်းလဲပေးလိုက်ရင် ရပါပြီ။ ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေကို ရရှိပိုင်ဆိုင်စေဖို့ နေ့စဉ်ပြုလုပ်ပေးရမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

အရေးအကြီးဆုံးကတော့ အိပ်ရေးဝဝအိပ်ပေးဖို့ပါ။ အိပ်ရေးဝဝအိပ်မှလည်း ကျန်းမာစေမှာပါ။ အိပ်ရေးမဝပဲ အိပ်ရေးပျက်တာတွေများလာရင် နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ နောက်တစ်ခုအရေးကြီးတာကတော့ ရေများများသောက်ပေးပါ။ ရေများများသောက်ပေးခြင်းက ဝိတ်လည်းကျစေသလို ကျန်းမာရေးကိုလည်း ကောင်းမွန်စေတယ်။ အသားအရေလည်းလှစေပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်နေဖို့က အရမ်းအရေးကြီးပါတယ်။

အစားအသောက်ကိုလည်း သေချာဂရုစိုက်ပေးဖို့လိုပါတယ်။ နေ့တိုင်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုပဲ စားသုံးပေးပါ။ အာဟာရဖြစ်စေမယ့် အစားအစာတွေကိုလည်း စားသုံးပေးပါ။ စားလိုက်တဲ့အစားအစာတိုင်းက ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်နေဖို့ကလည်း လိုပါတယ်။

ကျန်းမာလှပစေဖို့ လေ့ကျင့်ခန်းကိုလည်း ပုံမှန်လုပ်ပေးဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်မှလည်း ကျန်းမာရေးကပိုကောင်းလာမှာပါ။ ကိုယ့်အနေနဲ့ Gym သွားဆော့ဖို့၊ လေ့ကျင့်ခန်းတွေလုပ်ဖို့ အချိန်မပေးနိုင်ရင်တောင် မနက်တိုင်းထပြေးတာမျိုးတွေ၊ လမ်းလျှောက်တာမျိုးတွေလုပ်ပေးလို့ ရပါတယ်။ အထိုင်များတာမျိုးမဖြစ်အောင် လမ်းများများလျှောက်ပေးပါ။

ပျော်ရွှင်ဖို့ဆိုတာကတော့ ကိုယ့်စိတ်နဲ့ပဲဆိုင်ပါတယ်။ ကိုယ်တိုင်က မကောင်းတာတွေပဲတွေးပြီး စိုးရိမ်ကြောင့်ကြများနေမယ်ဆိုရင်တော့ ဘယ်တော့မှပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်စိတ်ကိုပျော်အောင်သာထားပါ။ မကောင်းတာတွေကို ကြိုတွေးပြီး စိတ်ညစ်မနေပါနဲ့။ ကောင်းတာတွေပဲတွေးပြီးနေပါ။ ကိုယ့်စိတ်ကို အမြဲတမ်းပျော်အောင်ထားပါ။

Photo Source: www.pexels.com