ဒီတစ်ခါတော့ ဗိုက်သားချပ်ချပ်လေးကို ပိုင်ဆိုင်စေမယ့် ရိုးရှင်းလွယ်ကူတဲ့ လေ့ကျင့်ခန်းတစ်ခုကို မျှဝေပေးသွားမှာပါ။ အစာအိမ်အသက်ရှုလေ့ကျင့်ခန်း (သို့) လေစုပ်တဲ့ လေ့ကျင့်ခန်းအဖြစ် လူသိများပါတယ်။ အဓိကအားဖြင့်တော့ ဝမ်းဗိုက် အဆီတွေကို ကျစေဖို့ ရည်ရွယ်တာပါ။

ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

ခါးနာတာကို သက်သာစေခြင်း၊ အတွင်းပိုင်း ကိုယ်အင်္ဂါတွေကို သန်စွမ်းစေခြင်း။

ဘယ်လိုလုပ်မလဲ

လေ့ကျင့်ခန်း လုပ်နည်းကတော့ အမျိုးမျိုးရှိပါတယ်။ ခန္တာကိုယ်ကို မှောက်လျက်လုပ်ပေးနိုင်သလို ပက်လက်လည်း လုပ်ပေးနိုင်ပါတယ်။ လေးဖက်ထောက်ပြီးလုပ်တာပဲဖြစ်ဖြစ် မတ်တပ်ရပ်ပြီးလုပ်တာပဲဖြစ်ဖြစ် ထိုင်ပြီးလုပ်တာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။

အသက်ကို ခပ်ပြင်းပြင်းရှုပြီး ဗိုက်ကို ချပ်ထားရမှာပါ။ ဗိုက်ချပ်ထားပြီး ကိုယ်နေနိုင်သလောက်အသက်အောင့်ထားပါ။ ပြီးမှ အသက်ကို မြန်မြန် ရှုထုတ်ပါ။ ပြီးရင် အသက်ကို ဝအောင် ရှုလိုက် ထုတ်လိုက်လုပ်ပြီး ဗိုက်ကို ချပ်နိုင်သလောက် ထပ်ချပ်ထားပါ။

အကောင်းဆုံးကတော့ မနက်အိပ်ယာနိုးနိုးချင် အစာမစားခင်မှာ လုပ်ပေးတာပိုကောင်းပါတယ်။

တကယ်လို့ အခုမှစလုပ်မယ်ဆိုရင် အနေအထား ၃ မျိုးနဲ့ ၁၀ စက္ကန့်စီလုပ်ပေးပြီး တစ်နေ့ကို ၃ ကြိမ်လုပ်ပေးရမှာဖြစ်ပါတယ်။