ခြေသလုံးမွှေးရှိတဲ့ တချို့မိန်းကလေးတွေက အတိုဝတ်တဲ့အခါ ခြေသလုံးမွှေးတွေ ရှိနေတာကို သဘောမကျကြပါဘူး။ ပြောင်ရှင်းနေတာမျိုးကိုလိုချင်လို့ ခြေသလုံးမွှေးကို waxing or shaving လုပ်ကြပါတယ်။ waxing လုပ်တာထက်စာရင် shaving လုပ်တာက skin ကို ပိုပျက်စီးစေပါတယ်။ ဒါကြောင့် ခြေသလုံးမွှေးကို shaving လုပ် ရိတ်မယ်ဆိုရင်လည်း skin မပျက်စီးအောင် ဒီအဆင့်တွေကို မဖြစ်မနေလုပ်ပေးဖို့ လိုပါတယ်။

Exfoliate လုပ်ပါ

ခြေသလုံးမွှေးမရိတ်ခင်မှာ အရင်ဆုံး dead skin တွေကို ဖယ်ရှားပြီး ချွေးပေါက်တွေပွင့်သွားအောင် exfoliate လုပ်ပေးရပါမယ်။ ကိုယ်သုံးနေကျ body scrub နဲ့ လုပ်ပေးရုံပါပဲ။ ဒီလိုလုပ်ပြီးရင် ရေဆေးချတဲ့အခါမှာ ရေကြက်သီးနွေးကို သုံးပေးပါ။

Oil လိမ်းပါ

Exfoliate လုပ်ပြီး အသားအရေခြောက်တာမျိုးမဖြစ်ပဲ နူးညံ့ချောမွေ့သွားအောင်၊ သွေးလည်ပတ်မှု ပိုကောင်းသွားအောင် body oil or baby oil ကိုလိမ်းပြီး လက်ချောင်းလေးတွေနဲ့ massage လုပ်နှိပ်နယ်ပေးပါ။

Body Cleanser သုံးပေးပါ

Massage လုပ် နှိပ်နယ်ပေးပြီးရင်တော့ body cleanser or shower gel ကိုသုံးပြီး ခြေထောက်ကို ရေဆေးပေးပါ။

Razor ကိုကောင်းတာသုံးပါ

ခြေသလုံးမွှေးကို shaving လုပ်ပြီး ရိတ်လို့ရပါပြီ။ ဒီနေရာမှာ razor ကို ကောင်းတာလေးသုံးပေးပါ။ ညစ်ပတ်နေတဲ့ razor မျိုး၊ သံချေးတက်နေတဲ့ razor မျိုးသုံးတာကို ရှောင်ပေးပါ။ ဓားထိလို့ သွေးထွက်တာမျိုးဖြစ်ရင် ပိုးဝင်နိုင်ပါတယ်။

ပြန်လည်သန့်စင်ပေးပါ

ခြေသလုံးမွှေးရိတ်ပြီးရင်တော့ ရေခဲရေနဲ့ ခြေထောက်ကိုဆေးချပြီး သန့်စင်ပေးပါ။ ရေခဲရေကိုသုံးပေးတာက ချွေးပေါက်တွေ ပြန်ပိတ်သွားစေပါတယ်။ sensitive skin တွေဆိုရင်တော့ ဒီနေရာမှာ thermal water spray မျိုးကိုသုံးပေးတာက ပိုအဆင်ပြေပါတယ်။ သူက shaving လုပ်ပြီး အသားအရေ နီမြန်းတာကို သက်သာစေပါတယ်။

Moisturizer လိမ်းပါ

အားလုံးပြီးသွားပြီဆိုရင်တော့ နောက်ဆုံးအဆင့်အနေနဲ့ moisturizer ပြန်လိမ်းပေးဖို့ လိုပါတယ်။ ဒီနေရာမှာ lotion ကို whitening ပါတာမျိုးမသုံးပါနဲ့။ နေ့ခင်းဘက်တွေမှာဆိုရင် SPF ပါတဲ့ lotion မျိုးကို လိမ်းပေးပါ။