အလုပ်လုပ်နေတဲ့သူတွေအနေနဲ့ အလုပ်နဲ့ပတ်သက်တဲ့ Stress ကတော့ အနည်းနဲ့အများရှိမှာပါပဲ။ အဓိကကတော့ သေချာကိုင်တွယ်ဖြေရှင်းတတ်ဖို့ပဲ လိုပါတယ်။ မဟုတ်ရင် စိတ်ဖိစီးပြီး တချိန်လုံးစိတ်ညစ်နေရမယ်၊ အလုပ်လုပ်ချင်စိတ်တွေပါ ကုန်ဆုံးလာပါလိမ့်မယ်။ ဒါကြောင့် အလုပ်မှာရလာတဲ့ stress တွေကို သေချာကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။

အချိန်မှန်အိပ်ပြီးအချိန်မှန်စားပါ

ဘယ်လောက်ပဲ stress တွေရပြီး စိတ်ဖိစီးနေပါစေ အချိန်မှန်အိပ်၊ အိပ်ရေးဝအောင်အိပ်ပြီး အစားကိုလည်း အချိန်မှန် ပုံမှန်စားပေးဖို့လိုပါတယ်။ အိပ်ရေးပျက်၊ အစားပျက်နဲ့ဆိုရင် stress တွေပိုများလာမယ်။ စိတ်ရောလူပါ ပိုပြီးပင်ပန်းလာမယ်။ ခြေကုန်လက်ပန်းကျလာပါလိမ့်မယ်။

ကိုယ်လုပ်ရမယ့်အလုပ်တွေကိုသေချာစီစစ်ပြီးလုပ်ပါ

အလုပ်ကြောင့်ရလာတဲ့ stress တွေကို သေချာကိုယ်တွယ်ဖြေရှင်းနိုင်ဖို့၊ stress တွေထပ်ပြီး တိုးမလာဖို့ ကိုယ်လုပ်ရမယ့်အလုပ်တွေကို သေချာစီစစ်ပြီးလုပ်ပါ။

အလုပ်ထဲမှာပဲအာရုံစူးစိုက်ထားပါ

အလုပ်ထဲမှာ သေချာအာရုံစိုက်ထားပြီး ကိုယ့်အလုပ်ကို သေချာလုပ်ပါ။ stress တွေရလာလို့ အလုပ်ကိုအာရုံမစိုက်နိုင်ရင် အလုပ်တွေမပြီးပဲ stress ပိုပိလာပါလိမ့်မယ်။

အားလပ်ရက်မှာအပန်းဖြေပါ

အားလပ်ရက်မှာ အလုပ်ကိုမေ့ထားပါ။ အလုပ်လုပ်ရမယ့် အချိန်ပဲ အလုပ်ကိုဖိဖိစီးစီးနဲ့ သေချာလုပ်ပါ။ နားရမယ့်ရက်ဆိုရင် အပြည့်အဝနားပါ။ အလုပ်နဲ့သက်ဆိုင်တာ ဘာမှမလုပ်ပါနဲ့။ အပြည့်အဝအနားယူပြီး ပျော်ပျော်ရွှင်ရွှင်နေလိုက်ပါ။ ဒါဆိုရင် stress တွေ ပြေလျော့သွားပါလိမ့်မယ်။

photo source: www.freepik.com