အိပ်စက်ပုံအနေအထားမမှန်ရင် အသားအရေပျက်စီးတာ၊ ကိုယ်လက်နာတာ၊ ကိုက်ခဲတာစတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လူတိုင်းသိထားသင့်တဲ့ အိပ်စက်ပုံအနေအထားတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒါတွေကိုကြည့်ပြီး ကိုယ်အိပ်တဲ့ပုံစံအနေအထားတွေမှားနေရင်လည်း ပြန်ပြင်လို့ရသွားတာပေါ့။

မျက်နှာမှာ အရေးအကြောင်းတွေ မြန်မြန်မဖြစ်ချင်ရင် ခေါင်းအုံးနဲ့မျက်နှာကိုဖိအိပ်တာမျိုး၊ ပထမပုံထဲကလိုအိပ်တာမျိုး မလုပ်ပါနဲ့။ ပက်လက်အနေအထားနဲ့ ဒုတိယပုံထဲကလို အိပ်ပေးပါ။

အိပ်တဲ့အခါမှာ ခေါင်းအုံးအမြင့်နဲ့အိပ်တာက ဇာတ်နာတာ၊ လည်ပင်းနာတာ၊ ဇာတ်ကြောတက်တာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ဒုတိယပုံထဲကလို ပါးတဲ့ခေါင်းအုံးနဲ့ ပက်လက်အိပ်ပြီး ခြေထောက်အောက်မှာ ခေါင်းအုံးတစ်လုံးထားပြီး ဖိအိပ်ပါ။ ဒီလိုအိပ်တာက ခါးနာတာ၊ ဇာတ်ကြောနာတာ၊ လည်ပင်းနာတာတွေ သက်သာစေပါတယ်။

ခေါင်းအုံးမပါပဲအိပ်တာကလည်း အညောင်းအညာပြေစေပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။ တစ်ခါတစ်လေမှာ အိပ်မပျော်ရင် ခေါင်းအုံးမပါပဲအိပ်ကြည့်ပါ။ အသက်ရှူရတာလည်း ပိုလွယ်ကူပြီး နေလို့ကောင်းစေပါတယ်။

ပုံမှာပြထားတဲ့အတိုင်း ဖက်လုံးကိုခွပြီးဖက်ပြီးအိပ်တာကလည်း ကောင်းမွန်စွာအိပ်ပျော်စေပါတယ်။ ခါးနာတာ၊ တင်ပါးနာတာလည်း သက်သာစေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိပ်စက်ပုံအနေအထားမျိုး ဖြစ်ပါတယ်။

တစ်ခါတစ်လေကျရင် ခြေထောက်ကြီးဆန့်အိပ်တာထက် ဒီလိုပုံစံအနေအထားမျိုးနဲ့အိပ်တာက ပိုပြီးနေရတာ သက်တောင့်သက်သာရှိစေပါတယ်။ ပိုပြီးလည်း နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်စေပါတယ်။

source:www.brightside.me