တချို့ကျတော့ မိတ်ကပ်လိမ်းရတာကြိုက်တယ်။ တချို့ကျတော့လည်း မိတ်ကပ်လိမ်းရတာကို မကြိုက်ကြဘူး။ အပြင်သွားရင်တောင် မိတ်ကပ်မလိမ်းပဲ ပေါ့ပေါ့ပါးပါး Sunscreen လောက်လေးလိမ်းပြီး သွားချင်ကြတယ်။ တကယ်မဖြစ်မနေလိမ်းဖို့လိုမှသာ မိတ်ကပ်လိမ်းတာမျိုး လုပ်ချင်ကြတယ်။ တကယ်တော့ မိတ်ကပ်မလိမ်းတာ အသားအရေအတွက် ပိုကောင်းပါတယ်။

မိတ်ကပ်မလိမ်းပဲနေချင်ရင်တော့ အောက်ခံအသားအရေကောင်းနေမှ လှမှာပါ။ အောက်ခံအသားအရေကောင်းဖို့ဆိုရင် Skincare သေချာလုပ်ပေးမှ ရပါမယ်။ ဒါကြောင့် မိတ်ကပ်မလိမ်းချင်တဲ့သူတွေအတွက် အောက်ခံအသားအရေကောင်းအောင် ထိန်းသိမ်းနည်းနဲ့ ဘာတွေသုံးသင့်လဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

Toner

ကိုယ့်အသားအရေက ဝက်ခြံ၊ အဆီဖုတွေမရှိဘူးဆိုရင်တော့ Toner ကို Brightening ဖြစ်စေတဲ့ Toner သုံးပေးရင် မျက်နှာလေးဖြူလာပါလိမ့်မယ်။ အဆီဖု၊ ဝက်ခြံရှိရင်တော့ ရေဓာတ်ဖြည့်ပေးတဲ့ Hydrating Toner ကိုသာ သုံးပါ။

Essence

အသားအရေကောင်းဖို့ Essence ရဲ့ လုပ်ဆောင်ချက်ကလည်း အရမ်းအရေးပါပါတယ်။ Essence ကောင်းကောင်းသုံးပေးရင် အသားအရေ သိသိသာသာ ကြည်လာပါလိမ့်မယ်။

Serum

အသားအရေစိုပြည်ပြီး Glow နေဖို့ Serum သုံးပေးဖို့ လိုပါတယ်။ Serum အမျိုးမျိုးရှိတာကြောင့် ကိုယ့်အသားအရေနဲ့ အဆင်ပြေတာ၊ ကိုက်ညီတာကို ရွေးသုံးပေးပါ။ အသားအရေလေးကြည်ပြီး Glow လာဖို့ဆိုရင် Essence နဲ့ Serum က အရေးကြီးပါတယ်။

Moisturizer

အသားအရေအတွက် မရှိမဖြစ်ကတော့ Moisturizer ပါပဲ။ Moisturizer သုံးတဲ့အခါမှာ၊ ဖြူဖို့ Glow ဖို့ကို အဓိကထားပြီး မသုံးပါနဲ့။ ကိုယ့်အသားအရေနဲ့ အဆင်ပြေပြီး ရေဓာတ်ကောင်းကောင်းပေးနိုင်မယ့် Moisturizer ကိုသာ ရွေးသုံးပါ။ Glow ဖို့ကတော့ Essence နဲ့ Serum တာဝန်ထားလိုက်လို့ရပါတယ်။

Exfoliate

လိမ်းသမျှ Skincare တိုင်း အာနိသင်ပိုဖြစ်စေဖို့၊ အသားအရေညစ်ညစ်ကြီး မဖြစ်စေဖို့ တစ်ပတ်တစ်ခါ Exfoliate လုပ်ပေးပါ။

Sheet Mask

လုံးဝမိတ်ကပ်လိမ်းစရာမလိုပဲ အသားအရေလေး စိုပြည်ပြီး ကြည်နေချင်တယ်၊ Glow နေချင်တယ်၊ ကြည့်လိုက်တာနဲ့ Healthy Skin ဖြစ်နေတာမျိုးလေး လိုချင်တယ်ဆိုရင်တော့ Sheet Mask ကို ၃ ရက် တစ်ခါ ကပ်ပေးပါ။

လိမ်းရမယ့် Skincare တွေသိပြီးပြီဆိုရင်တော့ ထိန်းသိမ်းရမယ့် အရာတွေကို ဆက်ပြောပြပေးချင်ပါတယ်။

မိတ်ကပ်မလိမ်းရင်တောင် အသားအရေကောင်းနေဖို့ ရေများများသောက်ပါ။ ဝမ်းမချုပ်ပါစေနဲ့။ အသီးအရွက်၊ အသီးအနှံ များများစားပါ။ သဘာဝဖျော်ရည်တွေ သောက်ပေးပါ။ ချွေးထွက်စေမယ့် လေ့ကျင့်ခန်းတွေလုပ်ပါ။ ချွေးပုပ်တွေထွက်လေ အသားကြည်လေပါပဲ။

နောက်ဆုံးအနေနဲ့ အရေးကြီးတာကတော့ ဝက်ခြံ၊ အဆီဖုတွေထွက်ရင် ညှစ်တာ၊ ကုတ်ဖဲ့တာမျိုး မလုပ်ပါနဲ့။ Acne Treatment လေးတွေ ဆောင်ထားပါ။ ဝက်ခြံ၊ အဆီဖုထွက်ရင် အဲ့တာလေးတွေ လိမ်းထားပေးပါ။ သူ့ဘာသာသူ ခြောက်ပြီး ကွာသွား၊ ချပ်သွားပါလိမ့်မယ်။ လက်နဲ့ လုံးဝမကလိပါနဲ့။ လက်နဲ့ကလိလို့ အမာရွတ်ဖြစ်ရင် အမဲစက်၊ အမာရွတ်ပျောက်ဖို့ဆိုပြီး ထပ်ကုန်နေပါလိမ့်မယ်။ ဒါကြောင့် ဒီတစ်ခုကိုတော့ ဆင်ခြင်နိုင်ဖို့ အရေးကြီးပါတယ်နော်။