တစ်ခါတစ်လေကျရင် ကိုယ်ကတော့ skin ပိုကောင်းလာအောင် လုပ်နေပေမယ့် မှားယွင်းနေတာတွေကြောင့် အသားအရေက ပိုပျက်စီးသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်နေမိတာတွေ ရှိနေရင်လည်း ပြင်ဆင်လို့ရအောင် သင့်အသားအရေကို ပိုပြီးပျက်စီးလာအောင် ပြုလုပ်မိနေတဲ့ Skincare သုံးစွဲပုံအမှားတွေကို ပြောပြပေးလိုက်ပါတယ်။

Scrub ကြမ်းတာတွေသုံးခြင်း

တစ်ပတ်တစ်ခါ ပုံမှန် exfoliation လုပ်ပေးရတာ မှန်ပေမယ့် ကိုယ်သုံးတဲ့ scrub က ကြမ်းနေရင် skin barrier ပျက်စီးတာမျိုး၊ အသားအရေ ထိခိုက်ပျက်စီးတာမျိုး၊ ချွေးပေါက်တွေ အရမ်းကျယ်လာတာမျိုး ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မျက်နှာအတွက် သုံးမယ်ဆိုရင် scrub သား နူးညံ့တာကို သုံးပေးပါ။

Acne Treatment ခဏခဏသုံးခြင်း

ဝက်ခြံထွက်ရင် acne treatment သုံးပေးတာက သက်သာတယ်၊ ပျောက်တယ်ဆိုပေမယ့် တစ်နေ့ကို တစ်ကြိမ်၊ နှစ်ကြိမ်ထက်ပိုပြီး ခဏခဏ သုံးနေမယ်၊ လိမ်းနေမယ်ဆိုရင်တော့ ပုံမှန်ထက်ပိုပြီး အသားခြောက်လာတာ၊ နီမြန်းယားယံလာတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

Dry Brush သုံးခြင်း

Dry brush နဲ့ body ကို ပွတ်ပေးတာက သွေးလည်ပတ်မှုကောင်းစေပြီး အသားချောစေတယ်ဆိုပေမယ့် sensitive skin တွေနဲ့ အသားခြောက်တဲ့သူတွေတော့ မသုံးသင့်ပါဘူး။ ပိုပြီး အသားခြောက်တာ၊ နီမြန်းယားယံလာတာမျိုးတွေ ဖြစ်တတ်လို့ပါ။

Chemical Exfoliate

Chemical exfoliate လုပ်တာက အသားအရေ ပိုကောင်းလာစေဖို့ အထောက်အကူပြုပါတယ်။ ဒါပေမယ့် တစ်ပတ်တစ်ကြိမ်ထက်ပိုပြီး လုပ်မယ်ဆိုရင်တော့ အသားအရေက အရမ်း sensitive ဖြစ်လာမယ်၊ ဝက်ခြံတွေထွက်လာမယ်၊ အသားအရေ နီမြန်းပြီးယားယံတာ၊ စပ်တာတွေ ဖြစ်လာပါမယ်။

ဆားဝက်ခြံကပ်ခွာသုံးခြင်း

နှာခေါင်းမှာ ဆားဝက်ခြံရှိရင် အလွယ်တကူ ဆားဝက်ခြံကပ်ခွာသုံးကြတာပါပဲ။ ဆားဝက်ခြံကပ်ခွာတွေ သုံးတာက အဆီပိုပြန်ပြီး ချွေးပေါက်ပိုကျယ်သွားစေပါတယ်။ လုပ်ပြီးပြီးချင်းမှာတော့ ဆားဝက်ခြံတွေပါသွားလို့ ရှင်းသွားပေမယ့် နောက်ကျရင် ဆားဝက်ခြံတွေက ပိုတောင်များလာပါတယ်။