တစ်ခါတစ်လေကျရင် ကိုယ့်ရဲ့ Skincare ပိုင်းနဲ့ပတ်သက်ပြီး ပြုလုပ်နေတာတွေက မှားနေတာကြောင့် ဝက်ခြံတွေ တစ်လုံးပြီးတစ်လုံးထွက်လာတာမျိုး ဖြစ်လေ့ရှိပါတယ်။ ဝက်ခြံတွေထွက်လာလို့ Skincare တွေအမျိုးမျိုးသုံးနေလည်း ဝက်ခြံက သက်သာမလာပဲ ထပ်ထပ်ထွက်လာတယ်ဆိုရင်တော့ ကိုယ်လုပ်နေတာတွေ မှားနေလို့ပါပဲ။ ဒါကြောင့် ကိုယ်တိုင်လည်း ဆင်ခြင်လို့ရအောင် ဝက်ခြံတွေထွက်လာစေနိုင်တဲ့ Skincare ပြုလုပ်ပုံအမှားတွေကို ပြောပြပေးလိုက်ပါတယ်။

Makeup Wipes သုံးခြင်း

Makeup ဖျက်တဲ့အခါမှာ Wipes အမျိုးအစားတွေသုံးတာက အခန့်မသင့်ရင် ဝက်ခြံတွေထွက်တာမျိုး ဖြစ်တတ်ပါတယ်။ အဓိကကတော့ Makeup Wipes တော်တော်များများမှာပါဝင်တဲ့ Alcohol, Fragrance နဲ့ တခြား Ingredients တွေက အသားခြောက်စေတယ်၊ Sensitive Skin တွေဆို ပွတ်ဖျက်ပြီး အရေးပြားနီမြန်းပြီး ဝက်ခြံထွက်တာမျိုးတွေ ဖြစ်လာပါတယ်။

Sunscreen သုံးစွဲမှုမှားယွင်းနေခြင်း

Sunscreen သုံးတဲ့အခါမှာ Oil-based Organic Filters အမျိုးအစားတွေက Breakouts တွေ ဖြစ်စေပါတယ်။ အရမ်းအဆီများတဲ့ Sunscreen တွေဆို ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံထွက်တာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် Sunscreen ကိုလည်း သေချာရွေးချယ်ဖို့ လိုပါတယ်။

မကြာခဏမျက်နှာသစ်ခြင်း

မျက်နှာသစ်တာက မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ဆို လုံလောက်နေပါပြီ။ အဲ့လိုမဟုတ်ပဲ မကြာခဏ မျက်နှာသစ်နေမယ်ဆိုရင်တော့ အသားခြောက်ပြီး Oil Glands တွေကနေ အဆီတွေပိုထုတ်ပြီး ဝက်ခြံတွေဖြစ်လာပါမယ်။

Workout လုပ်ပြီးရေမချိုးခြင်း

Workout လုပ်ရင် ချွေးအရမ်းထွက်ပါတယ်။ အဲ့ဒါကိုမှ ရေမချိုးဘူးဆိုရင် ချွေးနဲ့ အညစ်အကြေးတွေနဲ့ရောပြီး ယားယံတာ၊ ချွေးပေါက်ပိတ်ပြီး ကျောနဲ့ဂုတ်မှာ ဝက်ခြံတွေထွက်လာတာ၊ မျက်နှာမှာ ဝက်ခြံနဲ့ အဆီဖုတွေ ထွက်လာတာမျိုး ဖြစ်လာမှာပါ။ ခေါင်းချွေးပါအရမ်းထွက်ရင် ခေါင်းတောင်လျှော်သင့်တာပါ။

ရေနွေးနဲ့မျက်နှာသစ်ခြင်း

ရေနွေးနဲ့မျက်နှာသစ်တာက Natural Oils တွေ ဖယ်ရှားလိုက်သလို ဖြစ်သွားလို့ အသားအရမ်းခြောက်ပြီး အရေပြားနီမြန်းပါတယ်။ ခဏခဏဆိုရင် Skin Barrier ပါ ပျက်စီးပြီး ဝက်ခြံတွေထွက်လာမှာပါ။