Skin Problem တွေထဲမှာဆိုရင် ချွေးပေါက်ကျယ်တဲ့ပြဿနာကလည်း တော်တော်ဆိုးပါတယ်။ အဆီတွေပိုပြန်လာပြီး မိတ်ကပ်ကွက်တာ၊ ဝက်ခြံထွက်တာ၊ အဆီဖုထွက်တာမျိုးတွေ အရမ်းဖြစ်စေပါတယ်။ တစ်ခါတစ်လေကျရင် ကိုယ်လုပ်လိုက်မိတဲ့အမှားကြောင့် ချွေးပေါက်တွေ ပိုကျယ်လာတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ်တိုင်လည်းလုပ်မိရင် ဆင်ခြင်နိုင်ဖို့အတွက် ချွေးပေါက်တွေပိုကျယ်လာအောင် တော်တော်များများလုပ်မိနေတဲ့ အမှားတချို့ကို ပြောပြပေးလိုက်ပါတယ်။

အဆီစုပ်စက္ကူခဏခဏသုံးခြင်း

တော်တော်များများက အဆီပြန်တယ်ဆိုရင် အဆီစုပ်စက္ကူလေးသုံးလိုက်တယ်။ အဆီတွေပါသွားတယ်ဆိုပြီး သဘောကျကြတယ်။ ဒါက တစ်ခါတစ်လေပဲကောင်းပါတယ်။ အဲ့လိုမဟုတ်ပဲ အဆီစုပ်စက္ကူကို ခဏခဏသုံးမယ်ဆိုရင်တော့ ချွေးပေါက်တွေပိုကျယ်ပြီး အဆီပိုပြန်လာမှာပါ။

ဆားဝက်ခြံ၊ အဆီဖု၊ ဝက်ခြံတွေကို အတင်းညှစ်ခြင်း

တချို့က ဘာအဖုပဲထွက်ထွက် လက်သည်းနဲ့ညှစ်ကြတာ၊ ကုတ်ဖဲ့ကြတာ၊ ဆားဝက်ခြံဆိုလည်း အားနေညှစ်နေတာမျိုး၊ ဆားဝက်ခြံကပ်ခွာသုံးတာမျိုးတွေ အရမ်းလုပ်ကြပါတယ်။ ဒီလိုလုပ်တာတွေက ချွေးပေါက်တွေကို ပိုပြီးကျယ်လာစေပါတယ်။

Exfoliation ခဏခဏလုပ်ခြင်း

Exfoliation လုပ်တယ်ဆိုတာလည်း တစ်ပတ်မှတစ်ခါပဲလုပ်တာ ကောင်းပါတယ်။ ခဏခဏလုပ်မယ်ဆိုရင်တော့ ချွေးပေါက်တွေကျယ်လာပါလိမ့်မယ်။ ဒါ့အပြင် အရေးအကြောင်းတွေလည်း မြန်မြန်ဖြစ်စေပါတယ်။

နေလောင်ကာ Sunscreen မလိမ်းခြင်း

နေလောင်ကာ Sunscreen မလိမ်းရင် အသားအရေအရမ်းပျက်စီးပါတယ်။ Skin Tissue တွေလည်း ပျက်စီးစေတယ်။ ချွေးပေါက်တွေလည်း ပိုပြီးကျယ်လာစေတယ်။ အသက်ကြီးလာရင် အမဲစက်နဲ့ မှဲ့ခြောက်တွေလည်း ထွက်လာနိုင်ပါတယ်။

အဆီအစိမ့်တွေအရမ်းစားခြင်း

အဆီအစိမ့်တွေအရမ်းစားတာက အဆီဖုတွေထွက်စေပြီး ချွေးပေါက်တွေပိုကျယ်လာစေတယ်၊ အဆီပြန်တာတွေ ပိုပြီးဖြစ်လာစေတာကြောင့် လျှော့ပြီးစားသင့်ပါတယ်။

Source: www.brightside.me