မျက်နှာကို exfoliate လုပ်ပေးတာ၊ scrub လုပ်ပေးတာက တစ်ပတ်တစ်ခါတော့ ပုံမှန်လုပ်ပေးသင့်ပါတယ်။ ဒါမှ dead cells တွေကို ဖယ်ရှားနိုင်ပြီး အသားအရေကြည်လာမှာပါ။ ဒါပေမယ့် မျက်နှာကို တစ်ပတ်တစ်ခါထက်ပိုပြီး scrub အလွန်အကျွံလုပ်မယ်ဆိုရင်တော့ ဒီလို အသားအရေပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ချွေးပေါက်ကျယ်လာခြင်း

Scrub အလွန်အကျွံလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ပထမဆုံး အသားအရေပြဿနာကတော့ ချွေးပေါက်ကျယ်လာတာပါပဲ။ ချွေးပေါက်ကျယ်ရင် အဆီတွေပိုပြန်လာမယ်၊ အဲ့အခါကျရင် ချွေးပေါက်ကျဉ်းအောင်ပြန်လုပ်ရတာနဲ့ skincare တွေ ထပ်သုံးရတာနဲ့ အရမ်းအလုပ်ရှုပ်ပါတယ်။ ဒါကြောင့် scrub ခဏခဏမလုပ်ပါနဲ့။

Skin barrier ပျက်စီးခြင်း

မျက်နှာကို scrub အလွန်အကျွံလုပ်တာက skin barrier ပျက်စီးစေပါတယ်။ အသားအရေက နီပြီးစပ်တာမျိုး၊ တစ်ချို့ဆိုရင် အသားပွန်းတာမျိုးတွေအထိပါ ဖြစ်တတ်ပါတယ်။ Skin barrier ပျက်စီးသွားရင် skincare ကို တစ်ကနေပြန်ပြီးလုပ်ရတာနဲ့ တူတူပါပဲ။ အဆီတွေပုံမှန်ထက်ပိုပြီး ပြန်လာတာမျိုးတွေ ဖြစ်လာပါတယ်။ Scrub တွေလုပ်ပြီး skincare သေချာပြန်မလိမ်းရင် အသားတွေခြောက်ပြီး အသားအရေပိုပျက်စီးလာမှာပါ။

ဝက်ခြံထွက်ခြင်း

မျက်နှာကို scrub ခဏခဏတိုက်တာ၊ အလွန်အကျွံလုပ်တာတွေကြောင့် ဝက်ခြံတွေထွက်လာတတ်ပါတယ်။ အထူးသဖြင့် မေးစိနဲ့ ပါးမှာ ထွက်လာတာများပါတယ်။ ဒါ့အပြင် ချွေးပေါက်ကျယ်လာတဲ့အတွက် ဆားဝက်ခြံတွေလည်း ထွက်လာမှာပါ။

Sensitive skin ဖြစ်လာခြင်း

မျက်နှာမှမဟုတ်ပါဘူး body ကိုလည်း ခဏခဏ scrub တိုက်တာမျိုးတွေ အလွန်အကျွံလုပ်နေမယ်ဆိုရင် sensitive skin ဖြစ်လာမှာပါ။ Sensitive skin ဖြစ်လာရင် ဟိုဟာသုံးလည်းမတည့်၊ ဒီဟာသုံးလည်းမတည့်၊ ဖုတွေထွက်တာ၊ အသားယားတာ၊ နီတာမျိုးတွေ ဖြစ်လာပါတယ်။ ဒါ့အပြင် နေပူထဲသွားရင် နေလောင်လွယ်တာမျိုးတွေ ဖြစ်လာပါတယ်။