တချို့ဆို အချိန်တွေဘယ်လောက်ကြာကြာ အတိတ်မှာ ချစ်ခဲ့ဖူးတဲ့သူတစ်ယောက်ကို မမေ့နိုင်တာမျိုး၊ အမြဲသတိရနေတာမျိုးတွေ ရှိပါတယ်။ တချိူ့ကျတော့လည်း ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ သူမပါလည်း အဆင်ပြေနေပေမယ့် စိတ်ထဲမှာတော့ မမေ့နိုင်ပဲ အမြဲရှိနေတာမျိုးတွေလည်း ရှိပါတယ်။ ဘယ်လောက်ပဲ သူမရှိလည်းနေနိုင်နေပါတယ်ပြောပြော ချစ်ခဲ့ဖူးတဲ့သူတစ်ယောက်ကို မမေ့နိုင်သေးဘူးဆိုတာ ဒီအချက်တွေနဲ့တင် သိနိုင်ပါတယ်။
ခဏခဏတွေးမိခြင်း
ဘယ်လောက်ကြာကြာ နေ့တိုင်း အတွေးထဲရောက်လာတာမျိုး၊ သူ့အကြောင်းကိုတွေးနေမိတာမျိုးတွေ ဖြစ်နေရင် သူ့အပေါ်စိတ်ရှိနေသေးတာ၊ မမေ့နိုင်သေးတာ သေချာပါတယ်။
သူ့အကြောင်းတွေပြောမိခြင်း
သူငယ်ချင်းတွေနဲ့ စကားစပ်မိလို့ ပြောတာမျိုးမဟုတ်ပဲ တစ်ခုခုဆိုရင် တခြားအကြောင်း ပြောရင်းနဲ့လည်း သူ့အကြောင်းပဲ ရောက်သွားတာမျိုးတွေ ခဏခဏဖြစ်နေသေးတယ်ဆိုရင်လည်း မမေ့နိုင်သေးလို့ပါ။ မေ့နိုင်တဲ့သူက တကူးတက အတိတ်ကသူအကြောင်းကို ခဏခဏပြောနေမှာ မဟုတ်ပါဘူး။
အမှတ်တရတွေကိုထုတ်ကြည့်ခြင်း
တချို့ကျတော့ ဓာတ်ပုံကလွဲပြီး ကျန်တဲ့ အမှတ်တရပစ္စည်းတွေကို မဖျက်စီးပဲ ဒီတိုင်းပဲထားတဲ့သူမျိုးလည်းရှိပါတယ်။ ချစ်နေသေးလို့မဟုတ်ပဲ ဒီအတိုင်း ပစ္စည်းတစ်ခုအနေနဲ့ပဲ သဘောထားပြီး မဖျက်စီးတာပါ။ ဒါပေမယ့် တချို့ကျတော့ မမေ့နိုင်သေးလို့ မဖျက်ဆီးပဲ ဆက်သိမ်းထားတာပါ။ အဲ့ထက်ဆိုးတာကတော့ အမှတ်တရတွေကို မဖျက်ဆီးပဲ သိမ်းထားတဲ့အပြင် ခဏခဏလည်း ထုတ်ကြည့်နေတာပါပဲ။ သတိရလို့ ထုတ်ကြည့်ရင်းနဲ့ပဲ Move On လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။
အသစ်တွေတွေ့လည်းသတိရနေခြင်း
တချို့ကျတော့ Chat တဲ့သူတွေ၊ အီစီကလီတွေ ရှိပေမယ့်လည်း အတိတ်ကသူကိုတော့ မမေ့နိုင်ပဲ သတိရမိနေတဲ့သူတွေ ရှိပါသေးတယ်။ ကိုယ်တိုင်ရော ဒီထဲမှာ ပါနေပြီလား…။
သူ့အကြောင်းတွေစုံစမ်းခြင်း
အတိတ်ကသူအကြောင်းကို တကူးတကတောင် စုံစမ်းတယ်ဆိုမှတော့ မမေ့နိုင်သေးလို့ပါပဲ။ ဒီလိုလူတွေက ပိုပြီး Move On လုပ်ရခက်ပါလိမ့်မယ်။