ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ဒူးဆစ်၊ တံတောင်ဆစ်တွေက ကြမ်းပြီး မဲနေတတ်ပါတယ်။ ဒီလိုကြမ်းပြီးမဲနေတဲ့ ဒူးဆစ်၊ တံတောင်ဆစ်တွေကို နူးညံ့ပြီးပြန်ဖြူလာစေမယ့် နည်းလမ်းလည်း ရှိပါတယ်။

ဒီနည်းလမ်းက အမှန်တကယ်ထိရောက်တဲ့အပြင် လုပ်ရတာကလည်း အဆင့် ၄ ဆင့်ထဲနဲ့ လွယ်လွယ်ကူကူလုပ်လို့ရတဲ့အတွက် အဆင်ပြေမှာပါ။

Lotion အမြဲလိမ်းပါ။

Source: www.iskincarereviews.com

အသားအရေစိုပြေဖို့ Lotion ကို အမြဲလိမ်းပေးဖို့လိုပါတယ်။ ကြမ်းနေတဲ့ ဒူးဆစ်၊ တံတောင်ဆစ်နေရာတွေဆိုရင် များများလေးပိုလိမ်းပေးပါ။ ဒါမှ ကြမ်းနေတာတွေပျောက်ပြီး နူးညံ့လာမှာပါ။

Sunscreen လိမ်းပါ။

Source: www.thelist.com

တချို့ ဒူးဆစ်၊ တံတောင်ဆစ်တွေ အရမ်းမဲနေတယ်ဆိုတာ Sunscreen မလိမ်းတာကြောင့်လည်း ပါပါတယ်။ နေလောင်တော့ နီပြီးမဲနေတာပေါ့။ ဒါကြောင့် Lotion လိမ်းပြီးရင် အပေါ်ကနေ Sunscreen ထပ်လိမ်းပေးဖို့ မမေ့ပါနဲ့။

ပေါင်းတင်ပါ။

Source: www.femina.i360.pk

သံပရိုသီး (သို့) သံပုရာသီးကို တစ်ခြမ်းခြမ်းပြီး အတွင်းသားနဲ့ ဒူးဆစ်၊ တံတောင်ဆစ်နေရာကို ပွတ်ပေးပါ။ ပြီးရင်တော့ ရေမဆေးပဲ၊ မသုတ်ပဲ ၃ နာရီကြာအောင်ထားလိုက်ပါ။ အချိန်ပြည့်ရင်တော့ ရေကြက်သီးနွေးလေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ် တစ်ခါ (သို့) နှစ်ခါ လုပ်ပေးရင်ရပါတယ်။ ဒီလိုလုပ်ပေးတာက မဲနေတဲ့ ဒူးဆစ်၊ တံတောင်ဆစ်တွေကို ပြန်ဖြူလာစေတယ်နော်။

Scrub လုပ်ပါ။

Source: www.healthcomplain.com

Scrub လုပ်ပေးခြင်းက ကြမ်းတမ်းတဲ့အသားအရေကို နူးညံ့စေပြီး နေလောင်တာတွေ၊ မဲနေတာတွေကို ပြန်ဖြူလာစေပါတယ်။ Scrub လုပ်နည်းကတော့ ပန်းကန်တစ်လုံးထဲကို သကြားညို (သို့) သကြားအဖြူ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သံလွင်ဆီ (သို့) အုန်းဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး သမအောင်မွှေပါ။ ပြီးရင်တော့ လက်နဲ့ယူပြီး ဒူးဆစ်၊ တံတောင်ဆစ်နေရာတွေကို ဖြေးဖြေးနဲ့ညှင်သာစွာပွတ်ပေးပါ။ ကြာကြာပွတ်ပြီးရင်တော့ ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေချိုးလိုက်ပါ။ ပြီးရင်တော့ Lotion လိမ်း၊ Sunscreen လိမ်းပါ။ ဒါကိုလည်း တစ်ပတ် တစ်ကြိမ် ပုံမှန်လုပ်ပေးပါ။