လက်သည်းပုံဖော်ရတာဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ကိုယ်တိုင်ပုံဖော်လို့ရတဲ့ ရိုးရိုးရှင်းရှင်း လက်သည်းဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းတဲ့အပြင် လူငယ်ဆန်တဲ့ဒီဇိုင်းလေးတွေဖြစ်တာကြောင့် မိန်းကလေးတိုင်းသဘောကျမှာ သေချာပါတယ်။

ဒီလက်သည်းပုံလေးကတော့ ခရမ်းရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက်ပါ။ ၂ ချောင်းကိုပဲ မတူအောင်ပုံဖော်ထားတာဖြစ်ပြီး လုပ်ရတာလည်း အရမ်းလွယ်ပါတယ်။

အဖြူရောင်ကြိုက်တဲ့ကောင်မလေးတွေကတော့ ကိုယ်တိုင်ပုံဖော်ပြီးဆိုးချင်ရင် ပုံစံဆန်းဆန်းလေးဖြစ်အောင် အသားရောင်လက်သည်းနီလေးကို အရင်ဆိုးပါ။ ပြီးမှ ထိပ်ဘက်မှာ အဖြူရောင်လေးဆိုးကြည့်ပါ။

အနက်ရောင်ကြိုက်တဲ့ကောင်မလေးတွေကတော့ အနက်နဲ့အဖြူကိုဆိုးပြီး အဖြူတစ်ချောင်းမှာ ရွှေရောင်အတန်းလေးကပ်တာပဲဖြစ်ဖြစ်၊ လက်သည်းနီနဲ့ဆွဲတာပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။ ရှင်းရှင်းလေးနဲ့ လှပါတယ်။

အပြာရောင်ကြိုက်တဲ့ကောင်မလေးတွေကတော့ အပြာနုနဲ့ အပြာရင့်ကို လက်သည်းထိပ်မှာ ဒီလိုလေးစပ်ဆိုးကြည့်ပါ။ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

အရောင်တွေအများကြီးစပ်ဆိုးရတာကြိုက်ရင်တော့ ဒီလိုလိုင်းလေးတွေလုပ်ပြီး အရောင်စုံဆိုးကြည့်ပါ။ ဖက်ရှင်ကျပြီး ချစ်ဖို့ကောင်းပါတယ်။ လူငယ်ဆန်တာကြောင့် လူငယ်ကောင်မလေးတွေ ပိုကြိုက်မယ်လို့ ထင်ပါတယ်။

အဝါရောင်ကြိုက်ရင်တော့ အဝါနဲ့လိမ္မော်ကို ဒီလိုလေးစပ်ဆိုးကြည့်ပါ။ ရိုးရိုးလေးနဲ့ ပုံစံဆန်းဆန်းလေးဖြစ်တာကြောင့် ချစ်ဖို့ကောင်းပါတယ်။ လက်ပိုပြီးဖြူသလို ဖြစ်သွားစေတဲ့ အရောင်လေးတွေပါ။

နောက်ဆုံးဒီလက်သည်းပုံလေးကျတော့ အရောင်နုတာတွေသိပ်မကြိုက်တဲ့ ကောင်မလေးတွေအတွက် အဆင်ပြေပါတယ်။ ကိုယ်တိုင်လည်းပုံဖော်လို့ အဆင်ပြေသလို လွယ်လည်းလွယ်ပါတယ်။

Photo source: www.pinterest.com