သင်ကိုယ်တိုင် healthy relationship ကို ပိုင်ဆိုင်ထားပြီဆိုတာ ဒီအချက်တွေကိုကြည့်ရုံနဲ့တင် သိသာစေပါတယ်။

တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုရှိနေခြင်း

တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုအပြည့်အဝရှိနေတဲ့ relationship က စိတ်ချမ်းသာစရာကောင်းပါတယ်။ သံသယတွေ၊ စွပ်စွဲတာတွေလည်းမရှိပဲ ပြဿနာတွေလည်း နည်းလာပါမယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ပိုချစ်လာပြီး ရေရှည်မြဲဖို့ရာခိုင်နှုန်းပိုများပါတယ်။

တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိခြင်း

တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိရုံတင်မဟုတ်ပဲ နားလည်မှုပါ အပြည့်အဝရှိနေရင်တော့ ဒီ relationship က healthy ဖြစ်ပြီး စိတ်ချမ်းသာရတာများပါတယ်။ နားလည်မှုရော၊ ယုံကြည်မှုပါရှိနေတော့ မလိုလားအပ်တဲ့ ပြဿနာတွေလည်း မဖြစ်တော့ဘူးပေါ့။

Supporting လုပ်ပေးခြင်း

တစ်ယောက်နဲ့တစ်ယောက် supporting လုပ်ပေးပြီး တစ်ယောက်လိုအပ်တာကို တစ်ယောက်ကဖြည့်ဆည်းပေးတာမျိုး၊ အားပေးနှစ်သိမ့်ပေးပြီး ပိုတိုးတက်လာအောင် support ပေးတာမျိုးတွေလည်း ရှိပါလိမ့်မယ်။

သိမ်ငယ်ရတာမျိုးတွေမရှိခြင်း

Healthy relationship ကို ပိုင်ဆိုင်ထားရတဲ့သူတွေက စိတ်ချမ်းသာမှုကို အပြည့်အဝရနေကြတဲ့သူတွေပါ။ ဒီလိုလူမျိုးတွေဆီမှာ ကိုယ့်ချစ်သူရှေ့ သိမ်ငယ်ရတာမျိုး၊ ကိုယ့်ကိုယ်ကိုသိမ်ငယ်စိတ်ဝင်တာမျိုးတွေ လုံးဝမရှိပါဘူး။ ကိုယ်ဘာပဲဖြစ်နေပါစေ ဒီလူက ကိုယ့်ကိုယ်ချစ်တယ်၊ တန်ဖိုးထားတယ်ဆိုတဲ့ ယုံကြည်မှုကိုရထားတဲ့အတွက် သိမ်ငယ်စိတ်တွေ ဘာမှမရှိတော့ပါဘူး။

ဒီလူနဲ့တွေ့ရရင်စိတ်ပေါ့ပါးပြီးပျော်ရွှင်နေခြင်း

Healthy relationship ကို ပိုင်ဆိုင်ထားရင် ဒီလူနဲ့တွေ့ရရင်ကို စိတ်ပေါ့ပါးလွတ်လပ်ပြီး ပျော်ရွှင်ရပါတယ်။ စိတ်ညစ်စရာတွေရှိနေရင်တောင် သူနဲ့တွေ့လိုက်ရရင် ပျော်ရွှင်ရတယ်၊ စိတ်သက်သာရာရသွားတယ်ဆိုတဲ့ ခံစားမှုမျိုးကို ရစေပါတယ်။