ကိုယ့်အနားမှာနေပြီး တခြားတစ်ယောက်ကို ရင်ထဲထည့်ထားတာက ခံရအခက်ဆုံးပါပဲ။ ကိုယ့်ချစ်သူက EX ကိုမမေ့နိုင်သေးဘူးလားဆိုပြီး သံသယစိတ်ဝင်လာခဲ့ရင် ဒီအချက်တွေနဲ့တူနေပြီလားဆိုတာကို စစိကြည့်ရုံနဲ့တင် သိသာစေပါတယ်။

စကားပြောတိုင်းမှာသူ့ EX အကြောင်းပါနေခြင်း

တကယ်ဆိုရင် ကိုယ်မေးတာမဟုတ်ပဲနဲ့ EX အကြောင်းကို ထုတ်ပြောနေစရာမလိုပါဘူး။ သင့်ချစ်သူက စကားပြောတိုင်းမှာ ခဏခဏ သူ့ EX အကြောင်းပဲပြောနေမယ်ဆိုရင်တော့ သူ့စိတ်ထဲမှာ မမေ့နိုင်ပဲရှိနေသေးလို့ပါ။

အဆက်အသွယ်လုပ်နေခြင်း

ကိုယ့်မှာလည်းချစ်သူရှိရက်နဲ့ ပြတ်စဲပြီးသားဖြစ်တဲ့ EX နဲ့ အဆက်အသွယ်တွေလုပ်နေတာက သစ္စာဖောက်သလို ခံစားရစေပါတယ်။ အရှင်းမပြတ်နိုင်သေးရင် နောက်တစ်ယောက်နဲ့မတွဲတာ အကောင်းဆုံးပါပဲ။

သူ့ EX နဲ့ပတ်သက်တာတွေကိုဆက်သိမ်းထားခြင်း

ပြတ်ပြီးလို့ မမေ့နိုင်သေးရင် EX နဲ့ပတ်သက်တာတွေကို ဆက်သိမ်းထားပြီး လွမ်းနေလို့ရပါတယ်။ ဒါပေမယ့် နောက်တစ်ယောက်နဲ့ တွဲနေပြီဆိုရင်တော့ အရင်ပြီးခဲ့တာတွေကို ဖျက်ပစ်ရမှာပါပဲ။ သင့်ချစ်သူက သူ့ EX နဲ့ပတ်သက်တာတွေ၊ စာတွေ၊ ပုံတွေကအစ ဘာတစ်ခုမှ မဖျက်ဆီးပစ်ပဲ ဆက်သိမ်းထားရင်တော့ သူကိုယ်တိုင် စိတ်မပြတ်နိုင်သေးလို့ပါပဲ။

သူ့ EX အကြောင်းမကောင်းပြောတာမကြိုက်ခြင်း

EX ကိုမမေ့နိုင်သေးပဲ ချစ်နေသေးရင် သင်က လက်ရှိချစ်သူမကလို့ ဘာပဲဖြစ်နေပါစေ သူ့ EX အကြောင်းမကောင်းပြောတာကို နည်းနည်းလေးမှကြိုက်မှာ မဟုတ်ပါဘူး။

နှစ်ယောက်ယှဉ်လာခဲ့ရင် EX ကိုသာဦးစားပေးခြင်း

အဆိုးဆုံးကတော့ EX အပေါ်မှာ စိတ်ရှိနေသေးတဲ့အခါ လက်ရှိချစ်သူဖြစ်တဲ့သင်နဲ့ သူ့ EX နှစ်ယောက်ယှဉ်လာရင်တောင် EX ကိုပဲ ဦးစားပေးတတ်ကြပါတယ်။ ဒီလောက်ထိကြုံတွေ့နေရရင်တော့ လမ်းခွဲလိုက်တာက သင့်အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်မှာပါ။