ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ cheat လုပ်လားဆိုတာက သူ့ရဲ့အပြုအမူနဲ့ လုပ်ရပ်တွေ၊ ပြောင်းလဲသွားတာတွေကို ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။ ဒါကြောင့် မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ cheat လုပ်နေပြီလားဆိုတာကို သိချင်ရင်တော့ ဒီအချက်တွေနဲ့သာ တိုက်စစ်ကြည့်ပါ။

မူမမှန်ခြင်း

Cheat လုပ်ထားတဲ့သူက အရာရာပြောင်းလဲပြီး ကိုယ်တစ်ခုခုထောက်မေးလိုက်တာနဲ့ မူမမှန်တော့ပဲ ပြာနေတတ်ပါတယ်။ စကားပြောရင် အရမ်းသိသာပါတယ်။ သူ့ဘက်က မူမမှန်တာကို သံသယဝင်လာပြီဆိုရင် မေးခွန်းများများမေးပါ။ မေးခွန်းများများမေးလေ သူတို့အတွက် အကျပ်ရိုက်လေပါပဲ။ စကားတွေက ရှေ့နောက်မညီတာ၊ တစ်ခါပြောရင်တစ်ခါ မတူတော့တာ၊ တစ်ဖြေးဖြေးနဲ့ မေးလေစစ်လေ နည်းနည်းချင်းစီ ထွက်လာတာမျိုးတွေ တွေ့ရပါလိမ့်မယ်။

ရှောင်နေခြင်း

Cheat လုပ်နေတဲ့သူက ကိုယ်နဲ့လည်း တွေ့ချင်စိတ်သိပ်မရှိသလို အရင်လောက်လည်း စိတ်မဝင်စားတော့ပါဘူး။ တစ်ဖြေးဖြေးနဲ့ သင့်ကိုရှောင်ဖယ်လာပြီး အကြောင်းပြချက်မျိုးစုံနဲ့ ရှောင်နေမှာပါ။ ကိုယ်နဲ့တွဲနေတဲ့သူက ဒီလိုတွေဖြစ်လာရင် ကိုယ့်စိတ်ကအလိုလို ခံစားမိမှာပါပဲ။

လျှို့ဝှက်ချက်တွေများလာခြင်း

သူ့မှာ လျှို့ဝှက်ချက်တွေများလာပါလိမ့်မယ်။ သင်လိုက်မေးရင် အရင်ဆိုပြောပြပေမယ့် နောက်ပိုင်း ပြောပြဖို့နေနေသာသာ မေးရင်တောင် မကြိုက်တော့ပဲ ရန်ပြန်လုပ်တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ သင်မေးသမျှပြောသမျှကို စိတ်မရှည်ပဲ မကြိုက်တဲ့ပုံစံတွေလုပ်တာ၊ အာရုံနောက်သလိုလုပ်တာမျိုးတွေပါ ဖြစ်လာတတ်ပါတယ်။

သတင်းတွေပြန်ကြားခြင်း

ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ cheat လုပ်နေပြီဆိုရင် တစ်ယောက်မဟုတ် တစ်ယောက်ဆီကနေ သတင်းတွေပြန်ကြားရမှာပါ။ အစပိုင်းတော့ ကိုယ်လဲယုံမှာမဟုတ်ပါဘူး။ ဒါပေမယ့် အပေါ်မှာပြောခဲ့တဲ့ အချက်တွေနဲ့လည်း တူနေတယ်ဆိုရင်တော့ သေချာစုံစမ်းဖို့လိုပါတယ်။ မသေချာသေးရင် အချိန်ယူစောင့်ကြည့်ပြီးမှ လုပ်သင့်တာကို ဆက်လုပ်ပါ။