တချို့တွေက ကိုယ်နဲ့ပြတ်သွားတဲ့ ရည်းစားဟောင်းအပေါ်မှာ စိတ်မပြတ်နိုင်ပဲ ပြန်လာမလားဆိုပြီး မျှော်လင့်ချက်ထားကြတယ်။ ရည်းစားဟောင်းကို မမေ့နိုင်ပဲ ဆက်ချစ်နေကြတယ်။ ဒါကြောင့် သင့်ရည်စားဟောင်းက သင်နဲ့လုံးဝပြန်တွဲချင်စိတ်မရှိဘူးဆိုတာကို ဒီအချက်တွေနဲ့ တိုက်စစ်ကြည့်လို့ရပါတယ်။ ဒီအချက်တွေရှိနေပြီဆိုရင်တော့ ရည်းစားဟောင်းအပေါ်မှာ ဆက်ပြီး သံယောဇဉ်တွေ၊ မျှော်လင့်ချက်တွေမထားတော့ပဲ မေ့ပစ်ဖို့ကြိုးစားသင့်ပါပြီ။

သင့်ကိုလုံးဝအဆက်အသွယ်မလုပ်တော့ဘူး

သင်နဲ့ပြတ်သွားပြီး လုံးဝအဆက်အသွယ်မလုပ်တော့ဘူး၊ သင်တစ်ခုခုဖြစ်နေချိန်မှာတောင် ဖုန်းနဲ့ စာတစ်စောင်မပို့ဘူးဆိုရင် သူမေ့နိုင်နေလို့ပါ။ ပြတ်သွားပေမယ့်လည်း သင့်အပေါ်မှာသာ စိတ်ရှိနေသေးတယ်ဆိုရင် တစ်နည်းနည်းနဲ့တော့ အဆက်အသွယ်ပြန်လုပ်ပါလိမ့်မယ်။

သင့်ကို Block ပြီး ဖုန်းနံပါတ်ပါပြောင်းသွားတယ်

Social Media တွေမှာ သင့်ကို Block ပြီး ဖုန်းမှာပါ Block ထားတယ်ဆိုရင် သင်နဲ့ ထပ်မပတ်သက်ချင်တော့လို့ပါ။ ဒါ့အပြင် ဖုန်းနံပါတ်တွေပါ ပြောင်းသွားတယ်ဆိုရင်တော့ သင်နဲ့လုံးဝပြန်တွဲချင်စိတ်မရှိသလို၊ ပြန်ပြီးတော့လည်း ပတ်သက်ချင်စိတ်မရှိလို့ ပြတ်ပြတ်သားသားကို ရှောင်နေတာပါ။ ဒီလောက်ဆိုရင် သင့်အနေနဲ့ မေ့ပစ်လိုက်သင့်ပါပြီ။

နောက်တစ်ယောက်နဲ့တွဲနေပြီ

သင်နဲ့ပြတ်ပြီး နောက်တစ်ယောက်နဲ့တောင်တွဲနေပြီဆိုရင်တော့ သင်နဲ့ပြန်တွဲဖို့ စိတ်ကူးမရှိပါဘူး။ တကယ်လို့ သူသာ သင့်အပေါ်မှာ သံယောဇဉ်ရှိသေးတယ်၊ ခံစားချက်ရှိသေးတယ်ဆိုရင် သင်နဲ့ပြတ်ပြီးတာနဲ့ နောက်တစ်ယောက်တွဲမှာ မဟုတ်ပါဘူး။

သင့်အကြောင်းတွေကိုလုံးဝစိတ်မဝင်စားတော့ဘူး

သင့်ဘက်ကဘာဖြစ်ဖြစ် သူစိတ်မဝင်စားတော့ဘူး၊ သင့်အကြောင်းတွေကို သူငယ်ချင်းတွေကိုလည်း မမေးတော့ဘူး၊ မပြောတော့ဘူး၊ သူငယ်ချင်းတွေကလာပြောရင်တောင် စိတ်မဝင်စားတဲ့ပုံစံမျိုးတွေ ဖြစ်နေပြီဆိုရင်တော့ သင်နဲ့ပြန်တွဲချစ်စိတ် သူ့မှာ မရှိပါဘူး။