Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် Respect ရှိဖို့က အရေးကြီးပါတယ်။ Respect မရှိပဲ လုပ်ချင်သလိုလုပ်၊ ပြောချင်သလိုပြောနေရင် မလိုလားအပ်တဲ့ ပြဿနာတွေ၊ စိတ်အနှောက်အယှက်ဖြစ်စရာတွေ ကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့်လည်း မှားနေတာရှိရင် ပြင်ဆင်လို့ရအောင် ချစ်သူက ကိုယ့်အပေါ်မှာ လုံးဝ Respect မရှိဘူးဆိုတာ သိသာစေတဲ့အချက်တွေကို ပြောပြပေးလိုက်ပါတယ်။
အမိန့်ပေးခြင်း
ချစ်သူအပေါ်မှာ တစ်ချိန်လုံး ကိုယ်ဖြစ်စေချင်သလို၊ ကိုယ့်အလိုအတိုင်းကြီးပဲ ဟိုလိုလုပ်၊ ဒီလိုလုပ်နဲ့ အမိန့်ပေးတာမျိုးက တစ်ဖက်လူအပေါ် Respect မရှိရာကျပါတယ်။ အမိန့်ပေးတာတွေများလာရင် ညိုငြင်စရာ၊ စိတ်ပျက်စရာတွေ ဖြစ်လာပါလိမ့်မယ်။
အော်ဟစ်ဆဲဆိုခြင်း
ချစ်သူဘဝမှာတင် တစ်ခုခုဆို အော်ဟစ်ပြီးဆဲဆိုနေတာမျိုးတွေက လုံးဝကို Respect မရှိသလို ရိုင်းလည်းရိုင်းပါတယ်။ ဒီလိုအော်ဟစ်ဆဲဆိုတာတွေကို သည်းခံနေရင်လည်း သင့်အပေါ်မှာ တစ်ဖြေးဖြေးနဲ့ ပိုဆိုးလာပါလိမ့်မယ်။
ကိုယ်ထိလက်ရောက်လုပ်ခြင်း
ကိုယ့်ချစ်သူအပေါ်မှာ ဘယ်လောက်ပဲ စိတ်ဆိုးပြီး ဒေါသထွက်နေပါစေ ကိုယ်ထိလက်ရောက်လုပ်တာမျိုးကတော့ မဖြစ်သင့်ပါဘူး။ ဒီလိုလုပ်တာက Respect မရှိတဲ့အပြင် အရမ်းလည်းရိုင်းပါတယ်။
ဝေဖန်ပြောဆိုခြင်း
အစကတည်းက ဒီပုံစံကိုကြိုက်လို့တွဲခဲ့ပြီး နောက်မှ ကိုယ့်ရဲ့ဖြစ်တည်မှုတွေကို တစ်ခုပြီးတစ်ခု ဝေဖန်ပြောဆိုနေတာမျိုးတွေက လုံးဝ Respect မရှိပါဘူး။ ကိုယ့်ချစ်သူကို ဝေဖန်ပြောဆိုတာ၊ ကဲ့ရဲ့တာမျိုးတွေက မလုပ်သင့်တဲ့အရာတွေပါ။
တခြားသူတွေနဲ့နှိုင်းယှဉ်ပြောဆိုခြင်း
Relationship တစ်ခုမှာ အဆိုးဆုံးကတော့ ကိုယ့်ချစ်သူကို တခြားမိန်းကလေး၊ တခြားယောင်္ကျားလေးတွေနဲ့ နှိုင်းယှဉ်ပြောဆိုတာမျိုးပါပဲ။ ဒီလိုနှိုင်းယှဉ်ပြီးပြောတာမျိုးကို ဘယ်သူကမှမကြိုက်သလို အပြောခံရရင်လည်း အကုန်စိတ်ဆိုးကြတဲ့သူတွေချည်းပါပဲ။
photo source:www.freepik.com