ရည်စားဟောင်းကို အရမ်းချစ်ခဲ့ကြတဲ့သူတွေထဲမှာမှ တချို့ဆိုရင် ဘယ်လောက်အချိန်ကြာကြာ လွမ်းနေတုန်း၊ ပြန်လိုချင်နေတုန်းပါပဲ။ ကိုယ်နဲ့ပြတ်ပြီးသား ရည်းစားဟောင်းကို ပြန်လိုချင်နေသေးတယ်ဆိုတာလည်း ဒီအချက်တွေကိုကြည့်ရုံနဲ့တင် သိသာပါတယ်။

သူနဲ့အကြောင်းတွေပဲတွေးမိနေမယ်

ပြတ်သွားပြီးလည်း ဘယ်လောက်ကြာကြာ သူ့အကြောင်းပဲတွေးနေမိတာမျိုး၊ သူနဲ့တွဲခဲ့တုန်းကအချိန်တွေကို ပြန်တွေးပြီး သတိရနေတာမျိုးတွေက သူ့ကိုမမေ့နိုင်သေးတာပါပဲ။ ပြန်တွဲနိုင်ဖို့အတွက်လည်း မျှော်လင့်မိနေတာမျိုးပေါ့။

တခြားသူတွေနဲ့စကားပြောတိုင်းလည်းသူ့အကြောင်းပဲပြောမိနေမယ်

ကိုယ့်စိတ်ထဲမှာ သူကအမြဲရှိနေတဲ့အခါ၊ မမေ့နိုင်တဲ့အခါမှာ တခြားသူတွေနဲ့စကားပြောတိုင်းလည်း သူ့အကြောင်းပဲထည့်ပြောနေမိတာမျိုးက သူ့ကိုပြန်လိုချင်နေသေးတယ်ဆိုတာကို သိသာစေတဲ့အချက်တစ်ခုပါပဲ။

အမှတ်တရတွေကိုမဖျက်စီးနိုင်ဘူး

လူတွေက ex ကို ချစ်နေသေးရင်တောင် မေ့ပစ်နိုင်ဖို့ ကြိုးစားကြပါတယ်။ မေ့နိုင်ဖို့အတွက် အမှတ်တရတွေကိုလည်း ဖျက်စီးပစ်ကြပါတယ်။ ဒါပေမယ့် ex နဲ့ ပြန်တွဲချင်နေသေးတဲ့သူတွေ၊ အရင်လိုပြန်ဖြစ်ဖို့ မျှော်လင့်နေသေးတဲ့သူတွေကျတော့ ဘယ်လောက်ကြာကြာ အမှတ်တရတွေကို မဖျက်စီးရက်ပါဘူး။ အမှတ်တရတွေကို ပြန်ထုတ်ကြည့်ပြီးကို လွမ်းတတ်ကြပါသေးတယ်။

အသစ်တွေတွေ့လည်းသတိရနေမယ်

စိတ်အဆင်ပြေအောင် အသစ်တွေနဲ့တွေ့နေလည်း အချိန်တန်ရင် သူ့ကိုပဲသတိရပြီး တမ်းတနေတာမျိုးကလည်း ရည်းစားဟောင်းကိုပဲ ပြန်လိုချင်နေတယ်ဆိုတာ သိသာစေတဲ့အချက်ပါပဲ။

သူ့သတင်းကိုစုံစမ်းနေမိမယ်

ရည်းစားဟောင်းကို မမေ့နိုင်တဲ့အပြင် ပြန်လိုချင်တဲ့အခါမှာ အချိန်တွေကြာသွားလည်း သူ့အကြောင်းတွေကို အမြဲစုံစမ်းပြီး သူအသစ်ရသွားရင် ဝမ်းနည်းနေတတ်ပါတယ်။ သူ့ရည်းစားအသစ်နဲ့ ပြတ်သွားတာကို ကြားတိုင်းလည်း ပျော်ရွှင်ပြီး အရင်လိုပြန်အဆင်ပြေနိုင်ဖို့ မျှော်လင့်မိနေတတ်ပါသေးတယ်။

photo source:www.freepik.com