အချိန်အကြာကြီးတွဲလာပေမယ့် တစ်ချို့က ကိုယ့်ဘက်ကချစ်လို့သာ မကောင်းတာကို သည်းခံပြီးတွဲနေလို့ နှစ်တွေကြာသွားတာမျိုးလည်း ရှိပါတယ်။ ဘဝလက်တွဲဖော်အဖြစ်နဲ့ စဉ်းစားမယ်ဆိုရင် တွဲခဲ့တဲ့သံယောဇဉ်တွေ၊ အချိန်တွေထက် ကိုယ့်အပေါ်ဘယ်လောက်ကောင်းလဲ၊ ကိုယ့်အပေါ် ဘယ်လောက်ထိ ချစ်ပေးလဲဆိုတာကိုသာ ကြည့်ရမှာပါ။ ဘဝလက်တွဲဖော်ရွေးချယ်တဲ့အခါမှာ ကိုယ့်ဘက်ကပဲချစ်နေရုံနဲ့ မရပါဘူး။ ကိုယ့်ဘက်ကပဲ ချစ်နေရုံနဲ့ ပျော်ရမှာမဟုတ်ပါဘူး။
ဒါကြောင့် အချိန်အကြာကြီးတွဲလာရုံနဲ့ ဘဝလက်တွဲဖော်ဖြစ်ဖို့အထိ မစဉ်းစားသင့်တဲ့သူတွေကို ပြောပြပေးလိုက်ပါတယ်။
ဒီလူက တစ်ခါ၊ နှစ်ခါ မဟုတ်ပဲ ကိုယ့်အပေါ်မှာ ဖောက်ပြန်ဖူးပေမယ့် ပြန်တောင်းပန်ပြီး မပြတ်နိုင်ကြလို့သာ ပြန်တွဲရင်းနဲ့ အချိန်တွေကြာပြီး သံယောဇဉ်တွေရှိလာတာမျိုးတွေ အများကြီးရှိပါတယ်။ ဒီလိုပုံစံမျိုးကြီးနဲ့ RS သက်တမ်းကြာနေတာဆိုရင်တော့ ဘဝလက်တွဲဖော်ဖြစ်ဖို့အထိ မစဉ်းစားသင့်ပါဘူး။
အမြဲလက်ပါတတ်တဲ့သူ၊ တစ်ခုခုဆိုရင် ဒေါသမထိန်းနိုင်ပဲ ရည်းစားဘဝမှာထဲက ကိုယ့်အပေါ် ကိုယ်ထိလက်ရောက်စော်ကားတဲ့သူမျိုးကို ဘဝလက်တွဲဖော်အထိစဉ်းစားပြီး ယူလိုက်မယ်ဆိုရင် ယူပြီးတဲ့အခါမှာ ပိုတောင်ဆိုးလာနိုင်တာကြောင့် သေချာစဉ်းစားပါ။
ဘယ်လောက်ပဲတွဲတာကြာကြာ ကိုယ့်အပေါ်အမြဲအနိုင်ယူပြီး တစ်ကိုယ်ကောင်းဆန်လွန်းတဲ့သူ၊ ကိုယ်ကချစ်ပေမယ့်လည်း သူ့ဘက်ကတော့ သိပ်အလေးမထား၊ ဂရုမစိုက်ပဲ သူပျော်ပါးဖို့လောက်ပဲ တွေးတတ်တဲ့သူ၊ ကိုယ်နဲ့ပတ်သက်ပြီး ဘဝအတွက်ရည်ရွယ်ထားတာမျိုးမရှိတဲ့သူ၊ ကိုယ်နဲ့တွဲနေပေမယ့်လည်း လက်ထက်ယူဖို့အထိ မစဉ်းစားပဲ ပေါ့ပျက်ပျက်နေတတ်တဲ့သူမျိုးကိုတော့ ကိုယ့်ဘက်က ဘယ်လောက်ပဲချစ်နေပါစေ ဘဝလက်တွဲဖော်ဖြစ်ဖို့အထိ မစဉ်းစားသင့်ပါဘူး။
photo source: www.freepik.com