အရမ်းစဉ်းစားလွန်းတဲ့သူတွေ၊ ရွေးလွန်းတဲ့သူတွေက အပျိုကြီးဖြစ်မှာပဲလို့ ပြောကြသလိုပဲ ဒီလက္ခဏာတွေရှိနေရင်လည်း အပျိုကြီးဖြစ်နိုင်ချေများပါတယ်။

အရမ်းဇီဇာကြောင်ခြင်း

အရမ်းဇီဇာကြောင်လွန်းတဲ့သူတွေက အပျိုကြီးဖြစ်နိုင်ချေ အများဆုံးသူတွေပါပဲ။ ဒါကြောင့်လည်း ဇီဇာကြောင်ရင် အပျိုကြီးဖြစ်မှာပဲဆိုပြီး ပြောကြတာနေမှာပါ။ ဟိုဟာလည်မကြိုက်၊ ဒီဟာလည်းမကြိုက် တစ်ချင်းစီလိုက်ပြောပြီး စိတ်တိုင်းမကျတာမျိုးတွေလည်း ပါတာပေါ့။

အရမ်းရွေးနေခြင်း

တစ်ခုခုဆို အရမ်းရွေးနေပြီး ဂျီးတွေများနေတာ၊ ငါ့ပုံစံနဲ့ အဆင်မပြေပါဘူး၊ ငါ့အကျင့်နဲ့ ဖြစ်မှာမဟုတ်ပါဘူး၊ ဘယ်လိုလူမျိုးကမှ ငါနဲ့ကီးကိုက်မှာဆိုပြီး ရွေးနေတာမျိုးတွေကြောင့်လည်း ရည်းစားတောင်မထားဖြစ်တော့ပဲ Single ဘဝနဲ့ကြာပြီး အပျိုကြီးပါ ဖြစ်သွားနိုင်ပါတယ်နော်။

အရမ်းအတွေးလွန်နေခြင်း

တစ်ခုခုဆို မလိုအပ်တာတွေကအစ အရှည်ကြီးတွေလျှောက်တွေပြီး အရမ်းကို အတွေးတွေလွန်နေရင်လည်း တော်ရုံနဲ့ ရည်းစားထားဖြစ်တော့မှာ မဟုတ်ပါဘူး။ ရည်းစားတောင်မထားဖြစ်တော့တာ လက်ထပ်ဖို့ဆိုတာတော့ ပိုဆိုးပြီပေါ့။ ဒါကြောင့် ဒီလိုလူတွေမှာလည်း အပျိုကြီးဖြစ်နိုင်ချေ များကြပါတယ်။

စိတ်ကြီးဝင်နေခြင်း

အပျိုကြီးအများစုက ဘယ်ယောင်္ကျားကိုမှ အထင်မကြီးကြတာ များပါတယ်။ ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်ပြီး လာချဉ်းကပ်သမျှသူတွေကို အထင်မကြီးပဲ ငြင်းလွှတ်နေတာမျိုး၊ ကိုယ့်လောက်မှမတော်ရင် မလိုချင်ဘူး၊ အထင်ကြီးစရာမရှိဘူးဆိုပြီး သတ်မှတ်ထားကြတဲ့သူမျိုးတွေမှာလည်း အပျိုကြီးဖြစ်နိုင်ချေများပါတယ်။

ကပ်စေးနည်းလွန်းခြင်း

ကပ်စေးနည်းတာထက်ပိုပြီး အရမ်းကို အလွန်အကျွံဖြစ်နေတဲ့သူတွေက ကိုယ့်ကိုယ်ကိုတောင် မသဒ္ဒါ့တာ သူများအတွက်ဆို ပိုဆိုးပါတယ်။ အရမ်းတွန့်တိုကြပါတယ်။ ဒီလိုလူအများစုက တစ်ယောက်ထဲ ခြစ်ကုပ်စုဆောင်းပြီးနေရတာကို ပိုကြိုက်ကြပါတယ်။ ဒါကြောင့်လည်း အိမ်ထောင်မပြုပဲ အပျိုကြီး၊ လူပျိုကြီးတွေ လုပ်ကြတာများပါတယ်။