ရည်းစားဟောင်းကို မချစ်တော့ဘူး မေ့ပစ်လိုက်ပြီလို့ ဘယ်လောက်ပဲပြောပြော ဒီအချက်တွေဖြစ်နေသေးရင်တော့ သင်မမေ့နိုင်သေးပါဘူး။ ဒါကြောင့် ရည်းစားဟောင်းကို မမေ့နိုင်သေးဘူးဆိုတာ သိသာစေတဲ့အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

Social media ပေါ်မှာ သူ့ကိုလိုက်ပြီး stalk လုပ်နေမိပါလိမ့်မယ်။ Fri မဖြစ်တော့လည်း၊ block ထားလည်း သူ့အကောင့်ကိုဝင်ကြည့်နေတာမျိုး၊ သူဘာလုပ်နေလဲ၊ ဘယ်သူတွေနဲ့ပတ်သက်နေလဲ လိုက်ပြီး stalk လုပ်နေမိရင် သေချာပါတယ် သင်မမေ့နိုင်သေးပါဘူး။ သူ့အပေါ်စိတ်ရှိနေပါသေးတယ်။

တစ်ခုခုကြားတာနဲ့ကို စိတ်ထဲအလိုလိုပေါ်လာပြီး သတိရမိနေပါလိမ့်မယ်။ တချို့ဆိုရင် မေ့နိုင်ပြီသာပြောနေတာ သီချင်းသံလေးတစ်ခုခုကြားရုံနဲ့တင် ခေါင်းထဲရောက်လာပြီး သတိရတော့တာပါပဲ။

တချို့ကျတော့လည်း အရက်သောက်တာနဲ့တင် သူ့အကြောင်းတွေးမိပြီး feel မယ်၊ မျက်ရည်ကျလာမယ်၊ ဝမ်းနည်းလာမယ်။ အရက်မူးလာရင် သတိရပြီး ဖုန်းတွေဆက်တာ၊ စကားသွားပြောတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

မမေ့နိုင်သေးရင် အတူတူသွားလာဖူးတဲ့ နေရာတွေရာက်တိုင်း သတိရနေမှာပါ။ တစ်ခုခုဆို သူရောဒီကိုလာနေမလားဆိုတဲ့ အတွေးမျိုးဝင်လာပြီး သူ့ကိုရှာတာမျိုးတွေပါ ဖြစ်တတ်ပါတယ်။ ဒါကတော့ အစွဲအလမ်းကြီးတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။

သူနဲ့ပတ်သက်တဲ့အရာတွေ၊ ပုံတွေကို မဖျက်စီးပဲ ဆက်သိမ်းထားတာပါလိမ့်မယ်။ မေ့နိုင်သွားတဲ့သူက အရာရာကို ဖျက်ပစ်လိုက်ပါတယ်။ မမေ့နိုင်သေးရင်တော့ ဆက်သိမ်းထားနေမှာပါပဲ။

ကိစ္စတစ်ခုခုဖြစ်လာလို့ စိတ်ညစ်ပြီး အားငယ်လာတိုင်၊ ဝမ်းနည်းလာတိုင်းမှာ အရင်လိုသူ့ဆီသွားပြီး စကားတွေသွားပြောနေမိပါလိမ့်မယ်။ အလိုလိုသူ့ကိုရှာမိနေတာမျိုးတွေ ဖြစ်နေပါလိမ့်မယ်။

သူနဲ့အရင်လိုတူတူပြန်ဖြစ်မလား၊ သူပြန်လာအုံးမလားဆိုပြီး မျှော်လင့်နေသေးတယ်၊ ဘာမှမဆိုင်တော့တာတောင် သူ့အနားမှာဆက်နေချင်ပြီး သူငယ်ချင်းလိုပဲဖြစ်ဖြစ် ဆက်ပြီး ပတ်သက်ချင်နေသေးတယ်ဆိုရင်တော့ သေချာပါတယ် သင်မမေ့နိုင်ရုံတင်မဟုတ်ပဲ သူ့အပေါ်ချစ်နေသေးတာပါ။ မျှော်လင့်ချက်တွေရှိနေပြီဆိုထဲက ချစ်နေသေးတာပါပဲ။