တစ်ခါတစ်လေကျရင် ဘာဖြစ်လို့ဖြစ်မှန်း အကြောင်းအရင်းကို သေချာမသိဘူး၊ ဒါပေမယ့် အရင်လိုမပျော်တော့ဘူး၊ စိတ်ခံစားချက်တွေ မကောင်းတော့တာမျိုး ဖြစ်တတ်ပါတယ်။ အလုပ်ကြောင့် Depression ဝင်တာမျိုးဆိုရင် အလုပ်အဆင်ပြေသွားတဲ့အခါ Depression က ပျောက်သွားတာပဲ။ ဘာကြောင့် ဖြစ်တာလဲဆိုတဲ့ အကြောင်းအရင်း သူ့မှာရှိနေလို့လေ။ ဖြေရှင်းလို့ရတယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိပဲ Depression ဝင်နေတာမျိုးကျတော့ ကုစားဖို့က ခက်ပါတယ်။ အချိန်အတော်ကြာ ဖြစ်နေတတ်ပါတယ်။ ဒီလို ဘာကြောင့်မှန်းမသိ Depression ဝင်လာတဲ့သူတွေအများစုမှာ တွေ့ရတတ်တဲ့လက္ခဏာတွေလည်း ရှိပါတယ်။

တစ်ဖြေးဖြေးနဲ့ စိတ်ဓာတ်တွေကျပြီး စိတ်ပင်ပန်းမှုတွေ စတင်လာမယ်။

ကိုယ့်ရဲ့အလှအပ၊ အသွင်အပြင်နဲ့ပတ်သက်ပြီး အရင်လို ဂရုမစိုက်မိတော့ဘူး။ လှအောင်၊ စမတ်ကျအောင်နေချင်စိတ်၊ လုပ်ချင်စိတ်တွေလည်း မရှိတော့ဘူး။

အိပ်ချိန်တွေပြောင်းလာမယ်။ အိပ်ချိန်တွေနည်းလာမယ်။ တော်ရုံအိပ်မပျော်တော့ဘူး။

Weight တွေလည်း အပြောင်းအလဲဖြစ်လာမယ်။ အရမ်းဝိတ်တက်လာတာမျိုး၊ အရမ်းဝိတ်ကျပြီး ပိန်သွားတာမျိုး စသဖြင့် ပြောင်းလဲလာမယ်။

ခံစားချက်တွေ ပြင်းထန်လာမယ်။ အရာရာကို စိတ်တို၊ ဒေါသထွက်လွယ်လာမယ်။

ဘာကြောင့် စိတ်ဓာတ်ကျနေမှန်း ကိုယ့်ကိုယ်ကိုလည်း သေချာမသိပဲ အတွေးတွေများပြီး လျှောက်တွေးမိနေမယ်။

တမှိုင်မှိုင်တတွေတွေနဲ့ ဝမ်းနည်းသလို၊ မပျော်ရွှင်သလိုတွေ ဖြစ်နေမယ်။

ဒီလက္ခဏာတွေကတော့ ဘာကြောင့်မှန်းမသိပဲ Depression ဝင်လာတဲ့သူတွေမှာ တွေ့ရတတ်တဲ့လက္ခဏာတွေပါ။ အကြောင်းပြချက်ပေးစရာ ရေရေရာရာ မရှိပဲ ဖြစ်နေတာမျိုးပေါ့။

ဘယ်လိုကုစားရမလဲဆိုရင်တော့ အတတ်နိုင်ဆုံး ကိုယ့်စိတ်ကိုပြန်ထိန်းပါ။ တစ်ယောက်ထဲမနေပါနဲ့။ သူငယ်ချင်း အပေါင်းအသင်း၊ မိသားစုနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ဖြတ်သန်းပါ။ ပျော်စရာတွေများများရှာပြီးလုပ်ကြည့်ပါ။ စိတ်တည်ငြိမ်စေမယ့်အရာတွေ လုပ်ပါ။ တရားထိုင်ပြီး စိတ်တည်ငြိမ်အောင်လုပ်ပါ။ အဓိကမလုပ်ရမှာကတော့ တစ်ယောက်ထဲ လုံးဝမနေပါနဲ့။ ဒီလိုတွေဖြစ်လာရင် တစ်ယောက်ထဲပဲနေချင်ကြတယ်။ ဒါပေမယ့် အခြေအနေတွေပိုဆိုးမလာချင်ရင် တစ်ယောက်ထဲမနေပါနဲ့။