တစ်ခါတစ်လေကျရင် ကိုယ့်ရဲ့အတ္တတွေ၊ ကိုယ်လုပ်နေမိတဲ့အရာတွေကြောင့် လက်ရှိပိုင်ဆိုင်ထားတဲ့ Relationship က တဖြေးဖြေးနဲ့အဆင်မပြေဖြစ်ပြီး ပျက်စီးလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ဆိုင်ထားတဲ့ Relationship ကို ပျက်စီးလာအောင် ကိုယ်တိုင်လုပ်နေမိတဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။ ဒီ Relationship ကို လက်မလွှတ်နိုင်ဘူး၊ ဒီလူကို တကယ်ချစ်တယ်ဆိုရင် မှားနေတာတွေကို ပြင်ရမှာပါပဲ။

အချစ်ရေးမှာ ယုံကြည်မှုရှိဖို့က အရေးအကြီးဆုံးပါ။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုမရှိပဲ သံသယတွေများနေရင် ခဏခဏအဆင်မပြေဖြစ်၊ ပြဿနာတက်စကားများပြီး ကြာလာရင် ဒီ Relationship က ပျက်စီးသွားနိုင်ပါတယ်။

လူတိုင်းကတော့ ကိုယ့်ချစ်သူကို သဝန်တိုကြတာပါပဲ။ ဒါပေမယ့် အရမ်းကိုလွန်လွန်ကဲကဲ သဝန်တိုနေတာမျိုး၊ ဘာမဟုတ်တာလေးတွေကအစ တစ်ချိန်လုံးသဝန်တိုနေတာမျိုး၊ ပြဿနာရှာနေတာမျိုးဆိုရင်တော့ ကြာလာရင် တစ်ဖက်လူကလည်း စိတ်ပျက်လာမယ်။ ခဏခဏလည်း ပြဿနာဖြစ်စကားများပြီး ပြတ်ဆဲသွားနိုင်ပါတယ်။

ကိုယ့်အမှားကိုမမြင်ပဲ သူများကိုပဲအပြစ်ပြန်လုပ်တာမျိုးကလည်း တော်တော်ဆိုးပါတယ်။ တစ်ခုခုဆိုရင် သူများကိုပဲ အပြစ်တင်ပြောဆိုပြီး၊ ကိုယ်မှားနေတာကိုထောက်ပြရင်လည်း ကိုယ့်အမှားကိုယ်မမြင်ပဲ သူများကိုပဲ ပြောဆိုနေတာတွေက တစ်ဖက်လူအတွက်တော့ စိတ်ပျက်စေတဲ့အရာတစ်ခုပါ။

ကိုယ့်ချစ်သူကို တခြားသူနဲ့ ယှဉ်ပြီးပြောဆိုတာမျိုး မလုပ်ပါနဲ့။ ကိုယ့်ကိုလိုက်နှိုင်းယှဉ်ရင်လည်း ကြိုက်မှာမဟုတ်ပါဘူး။ ဒီလိုလိုက်နှိုင်းယှဉ်တာမျိုးကို ခဏခဏလုပ်နေမယ်၊ ရန်ဖြစ်စကားများတိုင်းပြောနေမယ်ဆိုရင် Relationship က အဆင်မပြေတာတွေ အရမ်းများလာပါလိမ့်မယ်။

တစ်ကိုယ်ကောင်းဆန်လွန်းရင်လည်း အဆင်မပြေပါဘူး။ တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်တယ်ဆိုရင် တော်ရုံတန်ရုံ ခွင့်လွှတ်ပေးလို့ရတာမျိုးဆိုရင် ခွင့်လွှတ်ပေးလိုက်ပါ။ မာနတွေထားပြီး တစ်ယောက်နဲ့ တစ်ယောက် တင်းမာနေရင် Relationship တစ်ခုက မပြတ်သင့်ပဲ ပြတ်သွားနိုင်ပါတယ်။

Photo source: www.freepik.com