တော်တော်များများကတော့ အသည်းကွဲခဲ့ဖူးတာပါပဲ။ ဘယ်လောက်ပဲ အသည်းကွဲပြီး နာကျင်ခဲ့ပါစေ အချိန်တန်ရင်တော့ အရာရာအဆင်ပြေသွားတာပါပဲ။ အသည်းကွဲလို့ နောက်တစ်ကြိမ် ထပ်ချစ်ရမှာကြောက်နေရင်တော့ တစ်ယောက်ထဲပဲနေပါ။ ဒါပေမယ့် သင့်စိတ်မှာ ဒီလိုအချက်တွေဖြစ်လာပြီဆိုရင်တော့ အချစ်ကိုသိပ်မကြောက်တော့သလို၊ နောက်တစ်ကြိမ် ထပ်ချစ်ရမှာကိုလည်း ကြောက်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့် အသည်းကွဲခဲ့ပေမယ့်လည်း နောက်တစ်ကြိမ် ထပ်ပြီးချစ်သင့်ပြီလို့ ဖော်ပြနေတဲ့အချက်တွေကို မျှဝေပေးလိုက်ပါတယ်။

Negative အတွေးတွေမရှိတော့ဘူး

အရင်ကတော့ အသည်းကွဲဖူးတာကြောင့် အချစ်နဲ့ပတ်သက်လာရင် Negative ဆန်တဲ့ဘက်ကပဲ အမြဲတွေးမြင်နေတတ်ပေမယ့် နောက်ပိုင်းမှာ တဖြေးဖြေးနဲ့ ပြောင်းလဲလာပြီး အကောင်းမြင်စိတ်လေးတွေရှိလာပြီ။ သူများတွေကို အားကျတဲ့စိတ်လေးရှိလာပြီဆိုရင်တော့ နောက်တစ်ကြိမ် ထပ်ချစ်ကြည့်သင့်ပါတယ်။ အမြဲအသည်းကွဲနေမှာမှ မဟုတ်တာ။ မကောင်းတဲ့သူနဲ့တွေ့ခဲ့လို့သာ ခံစားခဲ့ရတာဖြစ်ပြီး လူတိုင်းကလည်း မကောင်းတာမဟုတ်ပါဘူး။

တစ်ယောက်ထဲဖြစ်မှာလည်းမကြောက်တော့ဘူး

အသည်းကွဲခဲ့ပြီးလို့ စိတ်ကမာကြောသွားပြီး တစ်ယောက်ထဲဖြစ်မှာကို မကြောက်တော့ဘူးဆိုရင်တော့ ရည်းစားထပ်ထားချင်ထားလိုက်ပါ။ ထပ်ချစ်ချင်ချစ်လိုက်ပါ။ ဖူးစားမပါလို့ဝေးသွားလည်း တစ်ယောက်ထဲပြန်ဖြစ်သွားလည်း ကိုယ်ကနေတတ်ပြီးသား ဖြစ်နေပြီပဲ။

သဘောကျတဲ့သူတွေ့တဲ့အခါ

ကိုယ်သဘောကျတဲ့သူတွေ့ပြီဆိုရင် ဒါက အရင်ကဖြစ်ခဲ့တာတွေကို မေ့နိုင်သွားလို့ပါပဲ။ အရင်လူကိုလည်းမေ့နိုင်ပြီး အသည်းကွဲခဲ့တာ၊ ခံစားခဲ့ရတာတွေလည်း မေ့ပျောက်သွားနိုင်လို့ပါပဲ။ ဒါကြောင့် ကိုယ်သဘောကျတဲ့သူရှိရင် ဒီလူကကော ကိုယ့်အပေါ်ချစ်နိုင်မလား၊ ကောင်းနိုင်မလားဆိုတာ သေချာလေ့လာပါ။ ပြီးမှသာ တွဲသင့်ရင်တွဲပါ။

photo source: www.freepik.com