ခေါင်းလျှော်တာက ၁ ပတ် ၁ ခါ (သို့) ၅ ရက် ၁ ခါပဲ လျှော်တာကောင်းပါတယ်။ အဲ့ထက်ပိုပြီး မလျှော်သင့်ပါဘူး။ အကောင်းဆုံးကတော့ ၅ ရက် ၁ ခါလျှော်ပါ။ အဲ့လိုမဟုတ်ပဲ ခဏခဏခေါင်းလျှော်နေမယ်ဆိုရင်တော့ ကြာလာရင် ဒီလိုဆိုးကျိုးတွေ ဖြစ်လာပါလိမ့်မယ်။
ဆံပင်တွေကျွတ်လာမယ်
ခေါင်းခဏခဏလျှော်ရင် အရင်ဆုံးဖြစ်လာမယ့် အကျိုးဆက်ကတော့ ဆံပင်တွေအရင်ထက် ပိုပြီးကျွတ်လာမှာပါပဲ။ ခေါင်းလျှော်တိုင်းမှာလည်း ဆံပင်ကျွတ်မယ်၊ ခေါင်းဖြီးလိုက်တိုင်းမှာလည်း ဆံပင်တွေကျွတ်နေမှာပါ။ ဒါဆိုရင်တော့ ဆံပင်တွေကျွတ်တာများပြီး အရင်ထက် ဆံပင်ပိုပါးလာပါလိမ့်မယ်။
ဆံပင်နှစ်ခွဖြစ်လာမယ်
ခေါင်းခဏခဏလျှော်တာက ကြာလာတဲ့အခါမှာ ဆံပင်အဖျားတွေပျက်စီးပြီး နှစ်ခွဖြစ်လာမယ်။ အရက်ထက်လည်း ဆံပင်တွေ ပိုပျက်စီးသလို ဖြစ်သွားစေပါတယ်။
အဆီဓာတ်ဆုံးရှုံးပြီးဆံပင်ဖွာလာမယ်
ခေါင်းခဏခဏလျှော်နေမယ်ဆိုရင် ရှိသင့်တဲ့ ဆံပင်အဆီဓာတ်တွေဆုံးရှုံးပြီး ဆံပင်တွေဖွာလာမယ်။ ခေါင်းလျှော်ပြီး ၂ ရက်လောက်နဲ့လည်း ဆံပင်စေးသွားတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ဆံပင်ဖွာဖွာကြီးဖြစ်နေရင် လုံးဝမလှပါဘူးနော်။
ဆံပင်ရှုပ်ထွေးတာတွေပိုဖြစ်လာမယ်
ခေါင်းခဏခဏလျှော်နေရင် ဆံပင်က အပေါ်မှာပြောခဲ့သလိုတွေ ဆံပင်တွေအရမ်းဖွာပြီး ပျက်စီးသွားတဲ့အတွက် ဆံသားရှုပ်ထွေးတာတွေ ဖြစ်လာပါမယ်။ ဆံသားရှုပ်ထွေးရင် ခေါင်းဖြီးတဲ့အခါ ရှင်းရခက်ပြီး ငြိတာ၊ ဆံပင်ကျွတ်တာတွေ ပိုဖြစ်လာပါမယ်။
ခေါင်းခဏခဏကိုက်လာမယ်
ခေါင်းခဏခဏလျှော်တာက အကျင့်တစ်ခုလိုဖြစ်သွားတဲ့အခါမှာ ကြာလာရင် ခေါင်းခဏခဏကိုက်တတ်ပါတယ်။ ဦးခေါင်းနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်မှာကိုလည်း စိုးရိမ်ရပါတယ်။ ဒါကြောင့် ခေါင်းခဏခဏလျှော်တတ်တာကို တတ်နိုင်သလောက် ဆင်ခြင်သင့်ပါတယ်။
Photo source: www.freepik.com