တစ်စုံတစ်ယောက်က ကိုယ့်ကိုမနာလိုဖြစ်နေလားဆိုတာ ဒီအချက်တွေကိုကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။
ချီးကျူးသလိုလိုနဲ့ရှုံ့ချပြောဆိုမယ်
တစ်ခုခုဆိုရင် အကောင်းပြောသလိုလို၊ ချီးကျူးသလိုလိုနဲ့ မသိသာလေး ရှုံ့ချပြောဆိုတာတွေ၊ ခနဲ့သလိုလို၊ ကဲ့ရဲ့သလိုလိုပြောတာတွေ ခဏခဏကြုံရပါမယ်။ ဒီလိုလူမျိုးတွေက ကိုယ့်အပေါ်မှာ မကောင်းတတ်လို့ ချီးကျူးဂုဏ်ပြုနေရပေမယ့် အတွင်းစိတ်ထဲမှာတော့ မနာလိုဖြစ်နေတာမျိုးပါ။
ကိုယ့်အမှားတစ်ခုကိုခဏခဏလာပြောမယ်
သူတို့စိတ်ထဲ ကိုယ့်ကိုမနာလိုတာတွေကများနေတော့ ကိုယ့်ရဲ့ဟာကွက်၊ အားနည်းချက်၊ ကိုယ်မှားခဲ့ဖူးတဲ့အရာတွေကို ကြုံရင်ကြုံသလို ပြန်ပြောတာမျိုးတွေ လုပ်လေ့ရှိပါတယ်။ တကယ်စစ်မှန်တဲ့ မိတ်ဆွေကောင်းဆိုရင် သူများအားနည်းချက်ကို ထိပါးပြောဆိုတာမျိုး လုံးဝမလုပ်ပါဘူး။
သင်နဲ့ပတ်သက်ပြီအတင်းအဖျင်းပြောမယ်
သင့်ကိုမနာလိုတဲ့သူက သင့်ရဲ့အတင်းအဖျင်း၊ မကောင်းသတင်းတွေကို အရမ်းပြောပါလိမ့်မယ်။ သင်ဘာလုပ်လုပ် တစ်ခုပြီးတစ်ခု လိုက်ကြည့်ပြီး အတင်းပြောနေမှာပါပဲ။
သင့်ရဲ့ပျော်ရွှင်မှုကိုလိုက်ဖျက်စီးမယ်
သင့်ကိုမနာလိုဖြစ်နေတဲ့သူတစ်ယောက်က သင်ပျော်ရွှင်နေတာကို မမြင်ချင်ပါဘူး။ စကားနဲ့ပဲဖြစ်ဖြစ် သေးသိမ်အောင်လိုက်ပြောပြီး ဖျက်စီးတာမျိုးလုပ်တတ်ပါတယ်။ ဥပမာ – ကိုယ့်ရည်းစားက လက်ဆောင်ပေးလို့ ကိုယ်ပျော်ရွှင်နေတဲ့အချိန်မှာ ကိုယ်ရတဲ့လက်ဆောင်ကို လိုက်အပြစ်ပြောရှုံ့ချပြီး အပျော်ပျက်အောင် လိုက်ဖျက်စီးတတ်ပါတယ်။
သင့်ကိုမသိမသာရှောင်ထွက်တာတွေများလာမယ်
ကိုယ့်အပေါ်မနာလိုစိတ်အရမ်းများနေတဲ့သူက ကိုယ်နဲ့တူတူသွားလာရတာမျိုးကို သိပ်သဘောမကျပါဘူး။ ကိုယ်ကလိုက်ခေါ်နေရင်တောင် ရှောင်ထွက်တာမျိုးတွေ ခဏခဏလုပ်တတ်ကြပါတယ်။
သင့်ကိုအမြဲတမ်းစောင့်ကြည့်နေမယ်
သင့်ကိုမနာလိုတဲ့သူက သင်နဲ့မတွေ့ချင်လို့ မသိမသာရှောင်ထွက်နေတာပဲရှိပါတယ်။ သင်ဘာလုပ်နေလဲ၊ ဘာဖြစ်နေလဲဆိုတာကို အမြဲတမ်းစောင့်ကြည့်ပြီး အရာရာသိချင်နေတာပါ။ ပြီးရင် ကြိတ်ပြီး မနာလိုဖြစ်နေကြတာမျိုးပေါ့။
Source:www.brightside.me