တစ်စုံတစ်ယောက်က သင့်ကိုမနာလိုစိတ်ဖြစ်နေတယ်ဆိုတာကို ဒီအချက်တွေကြည့်ရုံနဲ့တင် သိသာစေပါတယ်။ ကိုယ့်အပေါ် မနာလိုစိတ်များနေတဲ့သူတွေ၊ မနာလိုစိတ်ပြင်းထန်နေတဲ့ အပေါင်းအသင်းတွေနဲ့ မပတ်သက်တာ အကောင်းဆုံးပါပဲ။ သူတို့ဆီကနေ စစ်မှန်တဲ့ခင်မင်မှုကို မရနိုင်ပါဘူး။

သင့်စတိုင်လ်အတိုင်း copy လိုက်လုပ်ခြင်း

သင့်ကိုမနာလိုဖြစ်နေတဲ့သူက သင့်စတိုင်လ်အတိုင်း အဝတ်အစားကအစ တစ်ခုမကျန် copy လိုက်လုပ်နေတတ်ပါတယ်။ သင့်ကိုအမြဲလိုက်ကြည့်ပြီး သင့်ထက်သာအောင်၊ လှအောင် လုပ်နေတာမျိုးပါ။ တချို့ သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်မှာလည်း ဒီလိုလူမျိုးတွေ အများကြီးရှိပါတယ်။ စစ်မှန်တဲ့ သူငယ်ချင်းတွေတော့ မဟုတ်ပါဘူး။

တခြားသူကိုသင့်မကောင်းကြောင်းပြောခြင်း

သင့်ကိုမနာလိုစိတ်တွေဖြစ်နေတဲ့အတွက် တခြားသူတွေကို သင့်မကောင်းကြောင်းတွေ လိုက်ပြောပြီး အပုပ်ချနေမှာပါ။ ဟုတ်တာတွေရော၊ မဟုတ်တာတွေပါ ပုံကြီးချဲ့ပြီး မကောင်းကြောင်းတွေ ပြောနေမှာပါပဲ။

သင့်ကိုအရှက်ရအောင်လုပ်ခြင်း

သင့်အပေါ်မှာ အရမ်းမနာလိုစိတ်ရှိနေတဲ့သူဆိုရင် လူကြားထဲမှာ သင့်ကို တမင်တကာအရှက်ရအောင်၊ အရှက်ကွဲအောင်တွေ လုပ်တာမျိုးနဲ့လည်း ကြုံရတတ်ပါတယ်။ မနာလိုတဲ့သူကတော့ အမျိုးမျိုးနှောင့်ယှက်နေမှာပါပဲ။

မကောင်းတဲ့အကြံဉာဏ်တွေပဲပေးခြင်း

မနာလိုစိတ်ပြည့်နေတဲ့သူက သင်ကောင်းစားသွားမှာကို မလိုလားပါဘူး။ ဒါကြောင့်လည်း သင့်ကို အမြဲတမ်း မကောင်းတဲ့အကြံဉာဏ်တွေပဲ ပေးပြီး ချောက်တွန်းနေမှာပါ။ တချို့ကျတော့ အရမ်းကောင်းတဲ့ပုံစံမျိုး ဟန်ဆောင်ပြီး မသိမသာ အကျင့်ပုတ်တာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ့်အပေါ် မနာလိုစိတ်ရှိနေတဲ့သူတွေနဲ့ မပတ်သက်တာ အကောင်းဆုံးပါပဲ။

အားနည်းချက်ကိုလိုက် blame ခြင်း

သင့်အပေါ်မှာ မနာလိုစိတ်ရှိနေတဲ့အတွက် သင့်ရဲ့အားနည်းချက်တွေကို စသလိုလိုနဲ့ လိုက် blame နေမှာပါ။ တစ်ခါတစ်လေဆိုရင်တော့ စိတ်ထဲကမပါပဲ စလိုက်တာမျိုး ဖြစ်နိုင်ပေမယ့် အမြဲတမ်း ကိုယ့်အားနည်းချက်တွေကို လိုက် blame နေတာမျိုးကျတော့ တမင်လုပ်နေတာမျိုး ဖြစ်သွားပါပြီ။

အကြောင်းအရင်းမရှိပဲသင့်ကိုမုန်းနေခြင်း

အကြောင်းအရင်းမရှိပဲ သင့်ကိုမုန်းနေတာကလည်း မနာစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့အရာ ဖြစ်ပါတယ်။ ဒါကြောင့် အပေါင်းအသင်းတွေထဲမှာ ကိုယ့်အပေါ်မနာလိုဖြစ်နေတဲ့သူ ရှိမှန်းသိရင် သူတို့နဲ့ရှောင်နေတာ ပိုကောင်းပါတယ်။