မိန်းကလေးတွေက ကိုယ့်ရည်းစားပုံစံအနေအထားကိုကြည့်ပြီး ဘယ်ခြေလှမ်းရောက်နေလဲဆိုတာကို ခန့်မှန်းမိကြပါတယ်။ စိတ်ထဲမသင်္ကာဖြစ်နေတာမျိုးတွေလည်း ခဏခဏဖြစ်လာတတ်ကြပါတယ်။ ကိုယ့်ရည်းစားက တခြားမိန်းကလေးအပေါ်မှာ ခံစားချက်ရှိနေပြီဆိုရင်လည်း ဒီအချက်တွေကိုကြည့်ရုံနဲ့တင် သိသာစေပါတယ်။

သင့်အပေါ်စိတ်ဝင်စားမှုလျော့နည်းလာတယ်

သင်မဟုတ်တဲ့ တခြားမိန်းကလေးအပေါ်မှာ စိတ်ခံစားချက်ရှိလာတဲ့အခါ တခြားအကြောင်းပြချက်မရှိပဲ သင့်အပေါ် စိတ်ဝင်စားမှုလျော့နည်းလာပါတယ်။ သင်ဘာဖြစ်ဖြစ် အရင်လောက် စိတ်ဝင်စားတာတွေမရှိတော့ပဲ သိသိသာသာကို ပြောင်းလဲသွားပါတယ်။

သင့်ကိုအချိန်မပေးဖြစ်တော့ဘူး

အလုပ်များနေတာ၊ အချိန်မရှိတာမျိုးလည်းမဟုတ်ပဲ သင့်အတွက် အချိန်မပေးနိုင်တော့တာဟာ တခြားမိန်းကလေးအပေါ် စိတ်ဝင်စားနေပြီး အဲ့အတွက်ကိုပဲ အချိန်ပေးနေလို့ပါပဲ။

Social media ကို အရင်ထက်ပိုသုံးလာတယ်

အရင်ထက်ပိုပြီး social media ကို ပိုသုံးလာတယ်။ သူ့မှာ ရည်းစားရှိတယ်ဆိုတာကိုလည်း ဖုံးကွယ်လာမယ်။ Social media မှာ single တစ်ယောက်လို နေထိုင်တယ်။ သူစိတ်ဝင်စားနေတဲ့သူကိုပဲ အမြဲ attention ပေးနေပါလိမ့်မယ်။ သင့်ကို social media မှာဆို ရည်းစားတစ်ယောက်လို ဆက်ဆံတော့မှာမဟုတ်ပါဘူး။ social media မှာပဲ အမြဲတွေ့နေရပေမယ့် သင့်ကိုစကားလာပြောတာ သိပ်မရှိတော့ပါဘူး။

သူ့ဖုန်းထဲမှာလျှို့ဝှက်ချက်တွေများလာမယ်

ရုတ်တရက်ကြီး အရင်လိုမဟုတ်တော့ပဲ သူ့ဖုန်းက လျှို့ဝှက်ချက်တွေ များလာပါမယ်။ password တွေပြောင်းလိုက်တာမျိုး၊ သင့်ကိုပေးမကိုင်တော့တာမျိုး၊ ယူကြည့်ရင်၊ တောင်းကြည့်ရင် စိတ်ဆိုးဒေါသထွက်ပြီး ပြဿနာရှာတာမျိုးတွေ ဖြစ်လာပါမယ်။

သင့်အတွက်မဟုတ်ပဲ အမြဲ busy ဖြစ်နေမယ်

သင့်အတွက်ဆို အမြဲမအားဘူး အလုပ်များနေပေမယ့် တခြားသူတွေအတွက်ဆို အားနေတာမျိုး၊ သူ့အချိန်တွေက သင့်အတွက်မဟုတ်ပဲ အမြဲ busy ဖြစ်နေတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ကိုယ်နဲ့တွဲလာတဲ့ရည်းစားက မူမမှန်တော့ရင် အရမ်းသိသာတာကြောင့် ချစ်တဲ့စိတ်တစ်ခုထဲနဲ့ မယုံလိုက်သင့်ပါဘူး။ သေချာစုံစမ်းပြီး ဖြစ်လာတာကို ဖြေရှင်းဖို့အတွက်၊ ကိုယ့်အတွက် ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့ အဆင်သင့်ဖြစ်နေရပါမယ်။