အဆင်မပြေတော့မှန်းသိရက်နဲ့ လမ်းမခွဲနိုင်ပဲ ဆက်ပြီးဖက်တွယ်နေရင် စိတ်ဆင်းရဲမှုတွေနဲ့ပဲ ပြည့်နှက်နေမှာပါ။ မဖြစ်နိုင်တော့ရင် လမ်းခွဲပြီး ပျော်ရွှင်မှုကို တစ်ကနေ ပြန်စပြီး ရှာဖွေနိုင်ပါတယ်။ ဒါကြောင့် သင့်ရည်းစားနဲ့ လမ်းခွဲသင့်ပြီဆိုတာကို ဒီအချက်တွေကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

Victim of abuse လုပ်ခံရခြင်း

Relationship တစ်ခုမှာ မတရားညဉ်းပန်းနှိပ်စက်ခံနေရရင် victim of abuse လုပ်ခံနေရရင် လုံးဝလက်မတွဲသင့်ပါဘူး။ အဆက်ဖြတ်ပြီး လမ်းခွဲသင့်ပါတယ်။ ကိုယ့်အပေါ်ဒီလိုလုပ်တဲ့သူက ရှေ့ဆက်ပြီး လက်တွဲသွားရင် ဘယ်သူပဲ စိတ်ဆင်းရဲနေရမလဲဆိုတာ အသိသာကြီးပါ။

ပျော်ရွှင်မှုမရှိတော့ခြင်း

ဘယ်လိုပဲလုပ်လုပ်၊ ဘယ်လိုပဲကြိုးစားပြီး ညှိုနှိုင်းနေပါစေ လုံးဝအဆင်မပြေတော့ပဲ စိတ်ညစ်နေရတယ်၊ ပျော်ရွှင်မှုတွေလည်း မရှိတော့ဘူးလို့ ခံစားနေရပြီဆိုရင် ကိုယ့်ရဲ့ relationship ကို သေချာပြန်စဉ်းစားသင့်နေပါပြီ။ ပျော်ရွှင်မှုမရှိတော့တဲ့ relationship တစ်ခုကို အဆုံးသတ်လိုက်တာက နှစ်ယောက်လုံးအတွက် ပိုကောင်းမှာပါ။

ပြဿနာတွေပဲဖြေရှင်းနေရခြင်း

တချို့ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ချစ်လို့တွဲခဲ့ကြပေမယ့် တစ်နေ့တစ်နေ့ ပြဿနာတွေပဲဖြေရှင်းပြီး ရန်ဖြစ်စကားများနေရပါတယ်။ ကြာလာတော့ တစ်ယောက်နဲ့တစ်ယောက် ငြီးငွေ့ပြီး စိတ်ပျက်လာကြတယ်။ ကြည်နူးရတဲ့အချိန်တွေမရှိတော့ပဲ ပြဿနာတွေပဲဖြေရှင်းနေရတဲ့အတွက် အဆင်မပြေတာတွေများလာပြီး toxic relationship လိုဖြစ်လာပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် စိတ်ပျက်နေပြီ၊ ငြီးငွေ့နေပြီဆိုရင် ပွင့်ပွင့်လင်းလင်းထုတ်ပြောပြီး လမ်းခွဲသင့်ရင်လမ်းခွဲပါ။ ချစ်သေးတယ်ဆိုရင်တော့ အဆင်ပြေအောင် သေချာညှိုနှိုင်းသင့်ပါတယ်။

သစ္စာဖောက်ခြင်း

သစ္စာဖောက်တဲ့သူကိုခွင့်လွှတ်ပေးပြီး ဆက်တွဲနေမယ်ဆိုရင်တော့ နောက်တစ်ခေါက်ထပ်ပြီး ဖောက်ပြန်တာမခံရဘူးလို့ မပြောနိုင်ပါဘူး။ ဒါကြောင့် သစ္စာဖောက်ခံရပြီဆိုရင် လမ်းခွဲပြတ်စဲလိုက်တာက ကိုယ့်အတွက် အကောင်းဆုံးဖြစ်မှာပါ။