ဆံသားခြောက်သွေ့တဲ့အခါမှာ ဆံပင်တွေဖွာပြီး ငြိတာ၊ ရှုပ်ထွေးတာတွေက အရမ်းဖြစ်လွယ်ပါတယ်။ ဆံသားအဆီမရှိသလို မွဲခြောက်ခြောက်နဲ့ဆိုရင် ဆံသားမလှပါဘူး။ ဒါကြောင့် ဆံသားခြောက်တယ်ဆိုရင် Shampoo ကအစ ပြောင်းသုံးပေးသင့်ပါတယ်။ ခြောက်သွေ့တဲ့ဆံသားအတွက် အကောင်းဆုံးအဖြစ်နဲ့ ဖော်ပြခြင်းခံထားရတဲ့ Shampoo တွေရှိတာကြောင့် မျှဝေပေးလိုက်ပါတယ်။

Herbal Essences Bio:Renew Hydrate Coconut Milk Shampoo

ဆံသားပျော့ပြောင်းနူးညံ့စေတဲ့အပြင် Hydrating နဲ့ Conditioning Effect လည်း ပါဝင်ပြီးသား ဖြစ်ပါတယ်။ အကောင်းဆုံး Moisturizing Shampoo တွေထဲက တစ်ခုဖြစ်တာကြောင့် ဆံသားခြောက်သွေ့တဲ့သူတွေ သုံးသင့်ပါတယ်။

Garnier Whole Blends Replenishing Shampoo

သုံးရတာ Lightweight ဖြစ်ပြီး အနံ့ကလည်း Fresh ဖြစ်တဲ့ အနံ့မျိုး ဖြစ်ပါတယ်။ ဆံသားအတွက်လိုအပ်တဲ့ အာဟာရဓာတ်ကို ရရှိစေပြီး ဆံသားခြောက်သွေ့တာ သက်သာစေပါတယ်။

L’Oréal Paris Elvive Hyaluron + Plump Shampoo and Conditioner Set

ခြောက်သွေ့တဲ့ဆံသားအတွက် Best Shampoo & Conditioner အဖြစ်နဲ့ ဖော်ပြခြင်းခံထားရတာဖြစ်သလို Beauty Award တွေလည်း ရထားပါတယ်။ သူ့အတွဲလိုက်သုံးရင် ပိုကောင်းပါတယ်။ ဆံသားခြောက်သွေ့ ပျက်စီးတာတွေကို သက်သာစေပြီး ဆံသားနူးညံ့စေပါတယ်။ အနံ့လေးကလည်း အရမ်းကောင်းပါတယ်။

Redken Acidic Bonding Concentrate Shampoo

2022 Beauty Award ရထားတဲ့ Shampoo ဖြစ်ပါတယ်။ ဆံသားခြောက်သွေ့ပြီး ဖွာနေတယ်၊ ဆံသားပျက်စီးနေတယ်၊ ဆံပင်အရောင်ချွတ်ထားလို့ ဆံသားပျက်စီးနေတဲ့သူတွေ သုံးသင့်တဲ့ Shampoo ပါ။ ဆံသားချောမွေ့စေပြီး ဆံသားပြန်လည်ကောင်းမွန်လာစေပါတယ်။ ဒါ့အပြင် Sulfate-free လည်း ဖြစ်ပါတယ်။

Kérastase Bain Satin 1 Shampoo

ဆံသားခြောက်တဲ့သူတွေ၊ ဆံပင်ပါးတဲ့သူတွေ၊ ဆံပင်အရောင် ဆိုးထားတဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ ဆံသားနူးညံ့ချောမွေ့စေပြီး ဆံသားကို Hydrating ကောင်းကောင်းပေးနိုင်တဲ့ Shampoo လည်း ဖြစ်ပါတယ်။ အကောင်းဆုံး Shampoo တွေထဲက တစ်ခုပါပဲ။