ကိုယ်လုပ်တဲ့ပုံစံပေါ်မူတည်ပြီး အသားအရေ ပိုကောင်းလာတာလည်း ရှိသလို၊ ပိုဆိုးလာတာလည်း ရှိပါတယ်။ တစ်ခါတစ်လေကျရင် ကိုယ် skincare တဲ့ပုံစံမဟုတ်လို့ အသားအရေက sensitive ဖြစ်လာနိုင်ပါတယ်။ Sensitive skin ဖြစ်လာရင် အသားအရေနီမြန်းတာ၊ ယားယံတာ၊ တစ်ခုခုဆို ဝက်ခြံတွေထွက်တာက သူများထက် ပိုဆိုးတတ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်လုပ်မိနေရင်လည်း အချိန်မှီပြင်ဆင်နိုင်ဖို့အတွက် sensitive skin ဖြစ်လာအောင် သင်ကိုယ်တိုင်လုပ်မိနေတဲ့ အမှားတွေကို ပြောပြပေးလိုက်ပါတယ်။

မျက်နှာသစ်ဆေးနဲ့ခဏခဏသစ်ခြင်း

မျက်နှာကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ပဲ သစ်ဖို့ပဲလိုတာပါ။ အဲ့ထက်ပိုပြီး ခဏဏခဏ မျက်နှာသစ်ဆေးနဲ့ သစ်နေရင်တော့ အသားခြောက်ပြီး sensitive skin ဖြစ်လာနိုင်ပါတယ်။ အကောင်းဆုံးကတော့ မနက်ပိုင်းကို Mild ဖြစ်တဲ့ မျက်နှာသစ်ဆေးနဲ့သစ်တာက ပိုကောင်းပါတယ်။

Sunscreen မလိမ်းခြင်း

Sunscreen မလိမ်းရင်တော့ နေပူထဲထွက်တိုင်း နေလောင်းဒဏ်ကြောင့် အသားအရေ ထိခိုက်ပျက်စီးပြီး ထိရှလွယ်တာမယ်၊ အသားပါးလာမယ်၊ တင်းတိတ်နဲ့ အမဲစက်တွေ ထွက်လာမယ်၊ အသားအရေ နီမြန်းလာပါမယ်။ Sunscreen မလိမ်းတဲ့ အသားအရေက sensitive ဖြစ်လာမှာပါပဲ။

အရမ်းပြင်းတဲ့ Skincare တွေသုံးခြင်း

Skincare ဝယ်တဲ့အခါမှာ သူများကောင်းတယ်ပြောတိုင်း လျှောက်ဝယ်ပြီး မသုံးပါနဲ့။ ပါဝင်ပစ္စည်းတွေကို သေချာဖတ်ပါ။ ပြင်းတာတွေပါနေလား၊ ကိုယ်နဲ့မတည့်တာတွေ ပါနေလားဆိုတာကို ကြည့်ပါ။ အရမ်းပြင်တဲ့ skincare တွေကို သုံးမိတဲ့အခါမှာတော့ အသားအရေက sensitive ဖြစ်ပြီး ထိခိုက်လွယ်လာပါလိမ့်မယ်။

Anti Aging Skincare Product သုံးခြင်း

Anti aging skincare product တွေကို အသက် ၂၅ မှစပြီးသုံးသင့်တာပါ။ မလိုအပ်သေးတဲ့ အသက်အရွယ်မှာသုံးရင် အသားအရေအတွက် ကောင်းတာမရှိပါဘူး။ အခန့်မသင့်ရင် အသားအရေတောင် sensitive ဖြစ်သွားနိုင်ပါသေးတယ်။

ခေါင်းအုံးစွပ်ပုံမှန်မလဲခြင်း

မျက်နှာအသားအရေကောင်းဖို့အတွက် skincare ချည်းပဲ လိမ်းနေလို့မရပါဘူး။ ကိုယ့်မျက်နှာနဲ့အပ်ပြီး နေ့တိုင်းထိတွေ့နေတဲ့ ခေါင်းအုံး သန့်ရှင်းဖို့ လိုပါတယ်။ ခေါင်းအုံးသန့်ရှင်းဖို့ ခေါင်းအုံးကို နေထုတ်လှမ်းပါ။ ခေါင်းအုံးစွပ်ကို တစ်ပတ်တစ်ခါ ပုံမှန်လဲပါ။ ခေါင်းအုံးစွပ်ပုံမှန်မလဲရင် မျက်နှာမှာ ဖုတွေထွက်လာမယ်၊ အဆီဖုနဲ့ ဝက်ခြံတွေ ထွက်လာပါလိမ့်မယ်။