ကိုယ့်ချစ်သူက ကိုယ့်အပေါ်ပြောင်းလဲလာတယ်၊ အရင်နဲ့မတူတော့ဘူးဆိုတာကို ခံစားမိလာပြီဆိုရင် ဒီအချက်တွေရော ဖြစ်နေသေးလားဆိုတာကို စစ်ကြည့်ပါ။ ဒီအချက်တွေက သင်နဲ့လမ်းခွဲချင်နေကြောင်း သိသာစေတဲ့အချက်တွေ ဖြစ်နေပါလိမ့်မယ်။

ပုံမှန်ထက်ပိုပြီးစာပြန်တာအရမ်းကြာခြင်း

ကိုယ့်ချစ်သူဆီက စာလာရင် ဘယ်သူပဲဖြစ်ဖြစ် ချက်ချင်းစာပြန်ပို့တာပါပဲ။ အလုပ်ရှုပ်နေရင်တောင် အားတဲ့အချိန်မှာ စာပြန်ပို့ပါတယ်။ ဒါပေမယ့် ကိုယ့်အပေါ်စိတ်ဝင်စားမှု မရှိတော့တဲ့အခါ၊ အရင်လိုချစ်ခင်တွယ်တာစိတ်တွေ မရှိတော့တဲ့အခါမှာတော့ သင်စာပို့လည်း ignore လုပ်ထားပြီး တော်ရုံနဲ့ပြန်မပို့တော့ပါဘူး။ တစ်ခါတစ်လေဆိုရင် reply မပြန်တော့တာတွေတောင် ရှိလာပါလိမ့်မယ်။

အလိမ်အညာစကားတွေခဏခဏပြောလာခြင်း

သင့်ချစ်သူက အရင်နဲ့မတူပဲ သင့်အပေါ်အရမ်းလိမ်ညာလာတယ်၊ ပေါ်တင်ကိုလိမ်တာမျိုး၊ အသိမပေးတော့တာမျိုး၊ ဂရုမစိုက်ဘူးဆိုတဲ့ပုံစံတွေ လုပ်လာရင် သေချာစောင့်ကြည့်သင့်ပါတယ်။ ကိုယ်နဲ့တွဲနေတဲ့သူက မူမမှန်တော့ရင်၊ ပြောင်းလဲလာရင် ကိုယ်တိုင်လည်းခံစားမိမှာပါပဲ။

သင်နဲ့ပတ်သက်ပြီးပျက်ကွက်တာတွေများလာခြင်း

သင့်နဲ့ပတ်သက်ပြီး အရင်လိုဂရုစိုက်တာ၊ ချစ်ခင်ကြင်နာတာတွေ မရှိတော့ပဲ ပျက်ကွက်တာတွေ များလာပါလိမ့်မယ်။ ဥပမာ anni နေ့ကအစ ပျက်ကွက်တာမျိုးတွေအထိ ကြုံတွေ့ရတတ်ပါတယ်။

အပြစ်ရှာလာခြင်း

ကိုယ်နဲ့မတွဲချင်တော့တဲ့အခါမှာ ခဏခဏပြဿနာရှာပြီး ရန်လုပ်တာမျိုးတွေ၊ ထစ်ခနဲရှိ သင့်ကိုအပြစ်ရှာပြီး ပြောဆိုနေတာမျိုးတွေ၊ အပြစ်ရှာပြီး ပြတ်မယ်ပြောတာမျိုးတွေ ရှိလာနိုင်ပါတယ်။

ကြင်နာယုယမှုတွေသိသိသာသာလျော့လာခြင်း

သင့်အပေါ်မှာ အရင်လိုချစ်ခင်ကြင်နာမှုတွေ ဘာမှမရှိတော့ပဲ သိသိသာသာကို လျော့သွားပါလိမ့်မယ်။ ကိုယ်နဲ့မတွဲချင်တော့တာက ကိုယ့်အပေါ်မချစ်တော့လို့၊ ချစ်တဲ့စိတ်တွေ အရင်လိုမရှိတော့လို့ပါပဲ။ ဒါကြောင့် သင်ဘာဖြစ်ဖြစ်လည်း ဂရုစိုက်တော့မှာမဟုတ်ပါဘူး။

သင့်အတွက်ဆိုအချိန်မရှိခြင်း

ကိုယ်နဲ့မတွဲချင်တော့တဲ့အခါမှာ တွေ့ချင်စိတ်လည်းမရှိတော့ပါဘူး။ သင်နဲ့ချိန်းထားတာတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖျက်လာမယ်၊ ရှောင်လာမယ်၊ သင့်ဘက်ကနေချိန်းလိုက်ရင်လည်း မအားဘူးဆိုတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ ငြင်းပြီး သင့်အတွက်ဆို သူ့မှာအချိန်ကိုမရှိတော့ပါဘူး။