ကိုယ့်ချစ်သူနဲ့ ခဏခဏရန်ဖြစ်စကားများရတယ်၊ အဆင်မပြေဘူးဆိုရင် နှစ်သစ်ကစပြီး အဆင်ပြေပြေနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်အောင် ပြောင်းလဲ ကြိုးစားကြည့်ပါ။ အဆင်ပြေနေပြီးသားဖြစ်တဲ့သူတွေအတွက်လည်း နှစ်သစ်မှာ ကိုယ့်ချစ်သူနဲ့ အရင်ထက်ပိုပြီး သာယာပျော်ရွှင်အောင် လုပ်ပေးနိုင်မယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

အချိန်ပိုပေးပါ

နှစ်သစ်ကစပြီး ကိုယ့်ချစ်သူကို အရင်ထက်ပိုအချိန်ပေးပြီး ပျော်စရာကောင်းတဲ့အချိန်တွေကို များများကုန်ဆုံးပါ။ တွေ့တဲ့အချိန်တိုင်းမှာလည်း စိတ်ညစ်စရာတွေကိုထားခဲ့ပြီး စိတ်လွတ်လပ်ပေါ့ပါးစွာနဲ့ တွေ့ပါ။ တွေ့တိုင်းမှာလည်း ပျော်စရာကောင်းတဲ့အမှတ်တရလေးတွေ ဖန်တီးပါ။ ဓာတ်ပုံလေးတွေရိုက်ပြီး သိမ်းထားပါ။

တစ်ယောက်နဲ့တစ်ယောက်ပိုပြီးရိုးသားပေးပါ

တစ်ယောက်နဲ့တစ်ယောက် အရင်ထက်ပိုပြီး ရိုးသားပေးပါ။ ပိုချစ်ပေးပါ။ မကြိုက်တာရှိရင်၊ အလိုမကျတာရှိရင် ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆိုတိုင်ပင်ပါ။ တခြားသူတွေအမြင်ကို ဂရုမစိုက်ပဲ နှစ်ယောက်ထဲ နားလည်နေရင် အဆင်ပြေနေရင်၊ ယုံကြည်မှုရှိနေရင် ရပါပြီ။ မကျေနပ်တာတွေရှိရင် မြိုသိပ်မထားပဲ အားလုံးပွင့်ပွင့်လင်းလင်းပြောပါ။ နှစ်သစ်ကစပြီး အရင်ထက်အဆင်ပြေလာရမယ်၊ အရင်ထက်ပိုပြီး ချစ်နိုင်ရမယ်ဆိုတဲ့ စိတ်ပဲထားပါ။

မလုပ်ဖူးတာတွေလုပ်ကြည့်ပါ

အရင်က မလုပ်ခဲ့ဘူးတာတွေ ဥပမာ – ခရီးတူတူသွားတာမျိုး။ နှစ်သစ်မှာ ကိုယ့်ချစ်သူနဲ့ ခရီးတွေ ခဏခဏထွက်ကြည့်ပါ။ တစ်ယောက်ကိုတစ်ယောက် အားကိုးချင်စိတ်၊ မြတ်နိုးတဲ့စိတ်၊ ချစ်တဲ့စိတ်တွေ ပိုတိုးလာပါမယ်။ တစ်ယောက်အကြောင်းတစ်ယောက်လည်း ပိုသိလာပါမယ်။

အရင်ထက်ပိုပြီးဂရုစိုက်ကြင်နာပါ

ကိုယ့်ချစ်သူအပေါ်မှာ ဂရုမစိုက်သလိုဖြစ်ခဲ့ရင်၊ ဒီလူကို အဆုံးရှုံးမခံနိုင်ဘူးဆိုရင် ဂရုစိုက်ပေးပါ။ အရင်ထက်ပိုချစ်ပေးပါ။ အရင်ထဲက ဂရုစိုက်ပေးတယ်ဆိုရင်လည်း အရင်ထက်ပိုပြီး ဂရုစိုက်ကြင်နာပေးပါ။ တစ်ယောက်လိုအပ်တာတစ်ယောက် ဖြည့်ဆည်းပေးပြီး ပျော်စရာတွေ၊ စိတ်ချမ်းသာစရာတွေ၊ ကြည်နူးစရာတွေကိုပဲ ဖန်တီးပေးပါ။

photo source: www.pinterest.com