Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် လိုတာထက်ပိုပြီး သဝန်တိုနေရင် မလိုလားအပ်ပြဿနာတွေ ခဏခဏဖြစ်နေမှာပါ။ တစ်နေ့တစ်နေ့ ဒီပြဿနာတွေကို ဖြေရှင်းနေရတာနဲ့ပဲ အချိန်တွေကုန်နေပါလိမ့်မယ်။ သဝန်တိုမှုတွေလွန်ကဲနေတဲ့ Relationship တစ်ခုမှာ ဒီလိုပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။

Relationship တစ်ခုမှာ သဝန်တိုမှုတွေလွန်ကဲနေရင် ခဏခဏပြဿနာတက်ပြီး ရန်ဖြစ်နေရပါလိမ့်မယ်။ တစ်ခါလာလည်း ဒီသဝန်တိုမှုတွေကြောင့် ဖြစ်လာတဲ့ပြဿနာတွေကိုပဲ ဖြေရှင်းနေရပါလိမ့်မယ်။ ကြည်နူးရတဲ့အချိန်ထက် ရန်ဖြစ်စကားများရတာတွေ၊ ပြဿနာဖြေရှင်းရတာတွေပဲ ပိုများနေပါလိမ့်မယ်။

ကိုယ့်ရည်းစားကို လူတိုင်းကတော့ သဝန်တိုတာပါပဲ။ ဒါပေမယ့် လိုအပ်တာထက်ပိုပြီး သဝန်တိုနေရင်တော့ ကြာလာတဲ့အခါမှာ ဒီ Relationship ကြီးက စိုးရိမ်ပူပန်မှုတွေနဲ့ ပြဿနာဖြေရှင်းရတာတွေနဲ့ ရန်ဖြစ်စကားများနေရတာတွေနဲ့တင် ငြီးငွေ့စရာကောင်းလာပါလိမ့်မယ်။ သဝန်တိုတဲ့သူရော၊ သဝန်တိုခံရတဲ့သူရော နှစ်ယောက်လုံးအတွက် ပျော်ရွှင်မှုတွေနည်းလာပါလိမ့်မယ်။

အမြဲတမ်း သဝန်တိုနေရတဲ့သူကလည်း ကြာလာတဲ့အခါမှာ ချစ်ရတာပင်ပန်းတယ်ဆိုတဲ့စိတ်မျိုး ဝင်လာပါလိမ့်မယ်။ သဝန်တိုတာကိုခံရတဲ့သူကလည်း တရားလွန်ကြီးကျတော့ သူ့ကိုချစ်လို့သဝန်တိုတယ်လို့ မမြင်တော့ပဲ ချုပ်ချယ်တယ်၊ အယုံအကြည်မရှိဘူး၊ ပြဿနာပဲရှာနေတယ်လို့မြင်လာပြီး နှစ်ယောက်လုံးအတွက် မွန်းကြပ်စရာကောင်းတဲ့ Relationship တစ်ခု ဖြစ်လာနိုင်ပါတယ်။

သဝန်တိုတာတွေများလာတဲ့အခါ ကိုယ်တိုင်လည်း ရည်းစားအပေါ်မှာ အယုံအကြည်မဲ့လာပါလိမ့်မယ်။ ကိုယ့်အတွေးနဲ့ကိုယ် စိုးရိမ်စိတ်တွေ၊ ပူပန်နေရတာတွေများပြီး ဝမ်းနည်းနေရပါလိမ့်မယ်။ သဝန်တိုမှုက လွန်ကဲလာရင် သံသယစိတ်တွေ များလာပါလိမ့်မယ်။