အနီရောင်ကြိုက်တဲ့သူတွေအတွက် ဆိုင်မှာပုံသွားဖော်စရာမလိုပဲ အိမ်မှာ ကိုယ်တိုင်အလွယ်တကူ ပုံဖော်လို့ရမယ့် အနီရောင်လက်သည်းဒီဇိုင်း လှလှလေးတွေကို မျှဝေပေးလိုက်ပါတယ်။

အနီနဲ့အဖြူကိုစပ်ဆိုးထားပြီး တစ်ချောင်းထဲကိုပဲ အသည်းပုံလေး ပုံဖော်ထားတာပါ။ တိတ်နဲ့ အသည်းပုံအရာဖော်ပြီး လက်သည်းမှာကပ်၊ ပြီးရင် လက်သည်းနဲ့လိုက်ဖြည့်လိုက်ရုံပါပဲ။ အလွယ်ကူဆုံး လက်သည်းဒီဇိုင်းပါ။

အရောင်စုံလေးဆိုးချင်ရင် ဒီလက်သည်းဒီဇိုင်းလေးကို try ကြည့်ပါ။ ခုနကလိုပဲ အသည်းပုံကို တိတ်နဲ့ပုံဖော်ပြီး heart beat အတန်းလေးကိုတော့ သွားကြားထိုးတံနဲ့ ဆွဲလို့တောင်ရပါသေးတယ်။

အသည်းပုံကိုမှ နောက်တစ်မျိုးပုံဖော်ထားတာပါ။ ဒါလေးကတော့ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားပဲလှနေမယ့် လက်သည်းဒီဇိုင်းလေးပါ။ ပုံဖော်ရတာလည်း လွယ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း ကျားသစ်ကွက်ပုံလေးပုံဖော်ရတာ အရမ်းလွယ်ပါတယ်။ ကြည့်လိုက်တာနဲ့ မိုက်ပြီးလှနေမယ့်ဒီဇိုင်းလေးပါ။

ကျားသစ်ကွက်ဒီဇိုင်းလေးရယ် အကွက်ဒီဇိုင်းလေးရယ် ပုံဖော်ရတာလည်း လက်ငြိမ်ရင် လုပ်ရတာ အရမ်းလွယ်ပါတယ်။ အနီနဲ့အဖြူရောင်အပြင် အနက်ရောင်ပါ ရောပြီးပုံဖော်ထားတော့ ကြည့်လိုက်တာနဲ့ ထင်းပြီး အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် တစ်ချောင်းထဲကို အသည်းပုံလေး ဆွဲလိုက်ရုံပါပဲ။ သွားကြားထိုးတံနဲ့ ဆွဲလို့တောင်ရပါသေးတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် တစ်ချောင်းကို အကွက်လေးဆွဲပုံဖော်ပြီး လက်မကိုတော့ ရွှေရောင်တစ်ချောင်းထဲ ဆွဲလိုက်ရုံပါပဲ။ လုပ်ရတာလွယ်ပြီး အရမ်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။

တစ်ချောင်းထဲကိုပဲ အကွက်လေးရအောင် ဆွဲလိုက်ရုံပါပဲ။ ဒါလည်း အရမ်းလွယ်တဲ့ လက်သည်းဒီဇိုင်းလေးပါ။ တစ်ဆင့်ချင်းစီလုပ်ရင် လွယ်ပါတယ်။

အသည်းပုံလေးကိုတော့ တိတ်နဲ့ပဲပုံဖော်ပါ။ ပြီးရင် ရွှေရောင်အမှုန်လေးတွေကို ကပ်ပေးလိုက်ရင် ရပါပြီ။ ရှင်းရှင်းလေးနဲ့ အရမ်းလှတဲ့ လက်သည်းဒီဇိုင်းဖြစ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် ကိုယ်ကြိုက်သလို အစက်ပြီးပုံဖော်ဆွဲလိုက်လို့တောင် ရပါသေးတယ်။ တိကျနေစရာမလိုတဲ့အတွက် လုပ်ရတာအရမ်းလွယ်ပြီး လှပတဲ့လက်သည်းဒီဇိုင်းလေးပါ။

photo source:www.pinterest.com